အနုပညာရှင်တွေဟာ လည်း မိန်းမသားတွေ ဖြစ်တဲ့ အတွက်အချိန်တန်လို့ အိမ်ထောင်ကျပြီး ကလေးမွေးကြပါတယ်။ အချို့မှာ ကလေးမွေးပြီးနောက်ရုပ်ရည်ပြောင်းလဲမှုတွေရှိကြသော်လည်း ဒီအနုပညာရှင်မေမေတွေကတော့ ကလေးအမေလို့ ပြောရင်တောင် ယုံနိုင်စရာမရှိတဲ့ ခန္ဓာကိုယ်နှင့် ရုပ်ရည်ကိုပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်မေမေတို့ဖြစ်ပါတယ်။

၁)အိန္ဒြာကျော်ဇင်

ရင်ဘတ်ထဲက ဓားနှင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရပြီး အကယ်ဒမီရမယ်ဆိုပြီး ကြိုပြီး အမှန်းခံထားရတဲ့ အိန္ဒြာကျော်ဇင်ကတော့ သူမကို ကလေး ၂ယောက် အမေလို့ ဘယ်သူမှထင်မှာ မဟုတ်ပါဘူး။ သူမရဲ့ သရုပ်ဆောင်မှု သူမရဲ့ ဖက်ရှင်ကျစွာ ဝတ်ဆင်မှုတွေ အတွက်ကြောင့် ပရိသတ်ရင်ထဲမှာ လှမြဲ လှဆဲ ဖြစ်တဲ့ အနုပညာရှင်တစ်ဦးလို့ပြောလို့ရပါတယ်။

၂)ချစ်သုဝေ

အမွှာလေး နှစ်ယောက်ရဲ့ မေမေ ကတော့ ဒီလို ချစ်စရာကောင်းတဲ့ အမွှာလေး နှစ်ယောက်မွေးပြီး တာတောင် နုပျိုနေဆဲ ပါဘဲ။ သူမရဲ့ ရုပ်ရည်ကလေးဟာ ကလေး တစ်ယောက်သဖွယ်ရှင်းလင်းပြီး ကြည်လင်တဲ့ အတွက်ကြောင့်ဒီလို ချစ်စရာကောင်းတဲ့ ကလေးလေး နှစ်ယောက်ကို မွေးနိုင်တာဖြစ်တယ်လို့ ယူဆလို့တောင်ရပါတယ်။

၃)ခိုင်သင်းကြည်

ဘယ်တော့မှ မအိုတဲ့ အထဲမှာ မင်းမော်ကွန်း အပြင် ခိုင်သင်းကြည်ကိုတောင် ထည့်လို့ရပါတယ်။ သူမရဲ့ သမီးလေးဟာ ဆယ်ကျော်သက်တောင် ဖြစ်လာခဲ့ပေမယ့် ခိုင်သင်းကြည်ကတော့ ဒီရုပ်ဒီရည်နှင့်အမြဲ ပရိသတ်ကြိုက်နှစ်သက်တဲ့ အနုပညာလုပ်ငန်းတွေ ဆက်လက် လှုပ်ရှားနေဆဲဖြစ်ပါတယ်။

ဒီlist ထဲမှာ မပါတဲ့ အခြား အရွယ်တင်တဲ့ အနုပညာရှင်တွေရှိရင်လည်း အားလုံးသိအောင်ပြောပြပေးသွားပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။