Type A

သင့်ရဲ့ လက်သန်းဟာ လက်သကြွယ်ရဲ့ အပေါ်ဆုံး အဆင့် နှင့် ပုံမှာ ပြထားတဲ့ အတိုင်းရွယ်တူဖြစ်နေမယ်ဆိုရင် သင်ဟာ Type A ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင်ဟာ အရမ်းကို တက်ကြွပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ လူသားတစ်ယောက်ပါ။ အရာရာတိုင်းဟာ သင့်အတွက် မျှတနေပါတယ်။ သင့်ကို မခင်သေးခင်မှာတော့ တချို့တွေက တည်ငြိမ်သူလို့ ထင်ကြပေမယ့် ခင်ပြီးနောက်ပိုင်းမှာတော့ လူတိုင်းကို နွေးထွေးစေတဲ့ သူတစ်ယောက်ပါ။ သင်ဟာ ဟာသဉာဏ်အပြည့်ရှိပြီး အဖွဲ့တစ်ဖွဲ့ လုံးရဲ့ ခံစားမှုအခြေအနေကို သင်ပဲ ဆုံးဖြတ်နိုင်သူပါ။ လူအများနှင့် ဆက်ဆံပြောဆိုရတာ ကြိုက်သလို သင့်ရဲ့ အတွေး အခေါ်တွေကို ဖော်ပြဖို့ အတွက် ဘယ်တော့မှ စိုးရိမ်စိတ်ပူ တတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။

သင်ဟာ အထီးကျန်မှာကို သေမလို ကြောက်တဲ့ လူစားမျိုးဖြစ်ပြီး တချို့အရာတွေကို နက်နက်နဲနဲ အတွေးမလွန်ပါနှင့် အဲ့ဒီအစား သင့်ရဲ့ နဂိုအတိုင်းပြုမူနေထိုင်ပါလို့ အကြံပေးပါစေ။

Type B

လက်သကြွယ်ရဲ့ ပထမဆုံးလက်ဆစ်ထပ် သင့် လက်သန်းက ရှည်နေတယ်ဆိုရင်တော့ သင်ဟာ Type B ဖြစ်ပါတယ်။

သင်ဟာ ဆွဲဆောင်မှု အပြည့်ရှိပြီး လူမှုဆက်ဆံရေး အင်မတန်ကောင်းမွန်သူပါ။ ဘယ်အရာမဆို ကြိုးကြိုးစားစား လုပ်တတ်ပြီး သင်လုပ်နိုင်တယ် ဆိုတာကို အမြဲ သက်သေပြသူဖြစ်ပါတယ်။ ကြင်နာတတ်ပြီး အလှူအတန်း ရပ်ရောသူတစ်ယောက်ပါ။ ထို့အပြင် လူတွေ အားလုံးရဲ့ အချစ်နှင့် ဂရုစိုက်မှုကို အမြဲရရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ သင်ဘာခံစားနေရလဲဆိုတာကို အသေအချာသိသူဖြစ်ပြီး ထိုသို့ ခံစားနေရတာကို လည်း အမြဲ ထုတ်ဖော်ပြနိုင်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ ရန်ဖြစ်တာတွေ ကတောက်ကဆ ဖြစ်တာတွေကို မုန်းတီးသူဖြစ်တဲ့ အတွက် လူတွေ နှင့် ပေါင်းသင်းဆက်ဆံတဲ့ အခါ လိုက်လျောညီထွေ ဆက်ဆံတတ်သူ တစ်ဦးဖြစ်ပါတယ်။ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ရှုတ်ချတဲ့ သူတွေရှိရင်လည်း ထိုလူတွေက သင့်ရဲ့ နူးညံ့ပြီး သဘောကောင်းတဲ့ စိတ်ထားကို မသိလို့ဘဲဖြစ်ပါလိမ့်မယ်။

Type C

သင့်ရဲ့ လက်သန်းဟာ လက်သကြွယ်ရဲ့ ပထမဆုံး လက်ဆင့်ထပ် တိုနေမယ်ဆိုရင်တော့ Type C ဖြစ်ပါတယ်။ သင်ဟာ အရာရာကို လျို့ဝှက်တတ်တဲ့ သူဖြစ်ပြီး ကိုယ်ပြောတဲ့ စကားကို တည်အောင်အမြဲကြိုးစားသူတစ်ဦးပါ။ ကြီးမြတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပြီး ရှက်ပြီး အိန္ဒြကြီးသူတစ်ယောက်ပါ။ လျို့ဝှက်ချက်တွေ နှင့် ပြည့်နှက်နေသူဖြစ်ပြီး စိတ်ထဲက ခံစားနေရတဲ့ အတိုင်းပြောဖို့ သင့်အတွက် အင်မတန်မှ ခတ်ခဲပါတယ်။ သင်ကြံနွေ့နေရတဲ့ ဒုက္ခတွေ သင့်ရဲ့ ခံစားချက်တွေကို သင်ချစ်ခင်ရင်းနှီးတဲ့ သူကိုတောင်ပြောပြဖို့ ခတ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူများတွေထက်မျှော်လင့်ချက် ရည်မှန်းချက်ကြီးသူဖြစ်ပြီး မိမိမျှော်မှန်ထားတဲ့ အတိုင်းဖြစ်မလာခဲ့ရင် စိတ်ပျက်လွယ်စိတ်ဓာတ်ကျလွယ်တဲ့ သူတစ်ယောက်ပါ။ သို့သော်လည် သင့်မိတ်ဆွေစစ် သူငယ်ချင်း အစစ်လို့ ယူဆထားတဲ့ သူတွေ အတွက်တော့ သင်ရဲ့ အရာရာကို စွန့်လွှတ်ပြီး အစွမ်းကုန်ကူညီမယ့် လူစားမျိုးပါ။

လူတွေနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်တဲ့ အခါ ပေါင်းသင်းဆက်ဆံတဲ့ အခါ အရမ်းမတွေးပါနှင့် သင်က သူများတွေ နှင့် သင့်ကြားမှာ စည်းခြားထားပြီး သိုဝှက်ထားသော်လည်း သင့်မိတ်ဆွေတွေက ထိုစည်းကို ကျော်ပြီး ပို့ပြီး ခင်မင်ရင်းနှီးဖို့ကြိုးစားရင်လည်း အသာတကြည်လက်ခံပေးပါလို့ပြောပါရစေ။

မှန်လားမမှန်လားဆိုတာပြောပြပေးသွားနော်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။