လီမင်ဟိုဟာ မြန်မာနိုင်ငံမှာသာမက ကမ႓ာမှာပါ နာမည်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် မိမိတို့ရဲ့ ဖွင့်ပွဲတွေကို မင်းသားမင်းသမီး တက်ရောက်ဖို့အတွက် ပိုက်ဆံ မြောက်မြားစွာ အကုန်အကျ ခံကြပါတယ်။ လီမင်ဟိုကို ပွဲတစ်ပွဲ တက်ဖို့ ဆိုုရင် သိန်း ၉၀၀၀ ကျော်ကုန်ကျတယ်လို့သိရပါတယ်။

ဟောင်ကောင်က ပွဲတစ်ပွဲကို မျက်နှာပြရုံလောက်သာ ခဏတာ တက်ရောက်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပြီး သူဟာ ထိုအချိန်တုန်းက ထိုပွဲကို သွားဖို့ အချိန်မရခဲ့ပါဘူး။ သို့သော်လည်း ဟောင်ကောင်ဘက်ကလူတွေဟာ သူကို ပွဲကို ခေါ်ဖို့ ပြင်းပြနေခဲ့ကြပါတယ်။ လီမင်ဟိုကို တက်ရောက်အောင်အမျိုးမျိုး ဆွဲဆောင်ခဲ့ကြပြီး သူ့အတွက်လေယာဉ်ပျံတောင် သီးသန့် ငှားပေး ခဲ့ကြပါတယ်။

ထိုသို့အားထုပ်မှုတွေကြောင့် လီမင်ဟို ဟာ ထိုပွဲကို လာရောက်ခဲ့ပြီး သိန်း ပေါင်း တစ်သိန်း နီးပါးလောက် အမြတ်ရရှိခဲ့ပါတယ်။ ထိုပွဲကို တက်ရောက်ဖို့ ပိုက်ဆံဘယ်လောက်ရခဲ့လဲ ဆိုတာကို လီမင်ဟို အေဂျင်စီက မဖော်ပြခဲ့သော်လည်း ပိုက်ဆံ တော်တော်များခဲ့တယ်လို့သိရပါတယ်။ အေဂျင်စီကနေပြီး 'လီမင်ဟို အတွက် အခမ်းအနား တက်ရောက်ဖို့ ပိုက်ဆံ အတိအကျ သတ်မှတ်ထားခြင်း မရှိပါဘူး။ သူဟာ ပွဲ အများကြီး တက်ရောက်လေ့မရှိပါဘူး။ ဒါပေမယ့် သူတို့ဟာကျွန်တော်တို့ မထင်မှတ်ထားလောက်တဲ့ ပိုက်ဆံကို ပေးခဲ့တာမှန်ပါတယ်' ဆိုပြီး ပြောကြားခဲ့ပါတယ်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။