တေးသံရှင် မနောရဲ့ သီချင်းတွေဟာ နယ်ရောမြို ့မှာပါရေပန်းစားလှပါတယ် ။ ရန်ကုန်မှာဆို လော်စပီကာနဲ့ မနောဆိုတာ ခွဲခြားလို့ မရနိုင်ဘူးလို့တောင် ဆိုနေကြတဲ့ထိပါပဲ ။

အပျော်ဆိုပြီး ဒီတိုင်း အွန်လိုင်းပေါ်မှာ တင်ပေးခဲ့တဲ့ ဗိုလ်အောင်ဒင် ဆိုတဲ့သီချင်းဟာ မထင်မှတ်ထားပဲ အောင်မြင်မှုကြီးမားခဲ့ပြီး ပရိတ်သတ်တွေ နားရည်ဝတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ 

တေးသံရှင်မနောရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို စုစည်းပြီး ထုတ်မယ့် " ချမ်းမြေ့ပါစေ အမေ " ဆိုတဲ့ တေးစီရီးလေးမှာ သမီးလေး ဖြစ်တဲ့ မေကြေးမုံကလည်း သီချင်းတစ်ပုဒ်ဝင်ရောက်သီဆိုထားတယ်လို့ သိရပါတယ် ။ 

အသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး ကိုးတန်းကျောင်းသူဖြစ်တဲ့ သမီးလေး မေကြေးမုံကတော့ ဖိုးဝရုပ်ဆိုတဲ့ သီချင်းလေးကို သီဆိုပေးထားတာပါ ။

သမီးလေးက သီချင်းစဆိုပြီဖြစ်ပေမယ့် စာဘက်စိတ်ဝင်စားမှုလျော့သွားမှာစိုးတဲ့အတွက် Show ပွဲတွေ မတက်ခိုင်းသေးဘဲ ကျောင်းစာကိုပဲ အဓိကထားခိုင်းတယ်လို့ မနောက morning post journal ရဲ့ အင်တာဗျူးတစ်ရပ်မှာဆိုထားတာကိုတွေ့ရှိရပါတယ် ။ အဖေကို အားပေးသလို သမီးလေးကိုလဲအားပေးဖို့ Ready နော် !  

သတင်းအရင်းမြစ် morning post journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။