Miss Myanmar International 2013 ဆုကိုရရှိပိုင်ဆိုင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော် တစ်ယော က်ကတော့ ဓာတ်ပုံရိုက်ကူးရာမှာ အများနဲ့မတူပဲ Pose အဆန်းလေးတွေနဲ့ အထူးအဆန်းပုံစံ ကြောင်မလေးသဖွယ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်မျက်နှာလေးကို တစ်ဝ က်မျက်နှာဖုံးစွပ်ကာ အနက်ဝမ်းဆက်ဝတ်ဆင်ပြီး ကြောင်လေးတစ်ကောင်ပုံစုံအတုယူပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဆန်းလေးဆိုတော့ အမြင်တစ်မျိုးလေးပေါ့ ပရိတ်သတ်ကြီး ရေ။

သူမဟာ 2012 ခုနှစ်မှာ Miss Loy Krathong 2011 ခုနှစ်မှာ Miss La Pyae Won ဆုအ သီးသီးကို ပိုင်ဆိုင်ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ချမ်းမြသုခလူမှုကူညီရေးအသင်းမှာ လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကို ပြည်သူတွေနဲ့တစ်သားထဲ ဆောင်ရွက် နေသော နှလုံးသာလှတဲ့ မိန်းမချောလေးတစ်ဦးဖြစ်ပါတယ်။

ဒါဟာသူမရဲ့ Halloween Style ဖြစ်ပြီး ဒီဝတ်စုံအဆန်းလေးကြောင့်ပဲ FUSE ရဲ့ Halloween Show မှာ ချီးမြှင့်တဲ့ Best in group Costume ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ကြောင်နက် မလေးတစ်ယောက်တော့ ပျော်နေလောက်မယ်ထင်ပါရဲ့။ တကယ်ကိုလည်း သူမနဲ့လိုက်ဖက် မှုရှိပြီး ဆွဲဆောင်မှုရှိတဲ့အဝတ်လေးဖြစ်ပါတယ်။ တကယ်လန်းမလန်းဆိုတာ ပရိတ်သတ် ကြီး ဝင်ကြည့်လိုက်ပါဦးနော်။

Photo - Phyo Min Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။