အမေရိကန်နိုင်ငံ အိုမာဟာမြို ့မှာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအတိုင်း လက်ထပ်ခဲ့ကြတဲ့ Melody World ပြိုင်ပွဲက အဆိုတော်ကောင်းကောင်းနဲ့ X Factor Myanmar ပြိုင်ပွဲက အဆိုတော် မိန်မိန်းတို့နှစ်ယောက်ဟာ မကြာခင်မှာ ကလေးမိဘတွေဖြစ်ကြတော့မယ်လို့ သိရပါတယ် ။ 

လက်မထပ်ခင်က ဝေဖန်မှုအချို ့ရှိခဲ့ပေမယ့် ခုချိန်မှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးလေးဟာလည်း တည်ငြိမ်သွားခဲ့ပါပြီ ။ ဇနီးသည် မိန်မိန်းက ကိုယ်ဝန် ငါးလ ရှိပြီဖြစ်ပြီး သားလေးလွယ်ထားရကာ ဖေဖော်ဝါရီလထဲမှာမွေးဖွားမယ်လို့ Morning Post Journal ရဲ့ အင်တာဗျူးတစ်ရပ်မှာ ကောင်းကောင်းက ဆိုထားတာကို တွေ့ရှိရပါတယ် ။ 

အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ဘာသာရေးပွဲတွေမှာသီချင်းဆိုဖြစ်နေပြီး ညီမျှခြင်းဆိုတဲ့ ဒုတိယစီးရီးလဲ ထွက်ရှိထားကာ 2018 သင်္ကြန်အပြီးမှာ ထွက်ရှိဖို့ စီစဉ်ထားတဲ့ မတူညီတဲ့ ညီမျှခြင်း လို့နာမည်ပေးထားတဲ့ စီးရီးကို MTV ပါ တစ်ခါထဲထွက်နို်င်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ် ။ 

သတင်းအရင်းမြစ် Morning Post Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။