၃၀ ရက်၊ အောက်တိုဘာလ၊ ၂၀၁၇ ခုနှစ် ရက်နေ့မှ ၁၂ရက်၊ နိုဝင်ဘာလ၊ ၂၀၁၇ ရက်နေ့ အထိ ဆရာစံဇာဏီဘိ်ု၏ ၁၅ ရက်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ လိုက်ဖက်သော နေ့နံများ ပါ၀င်တာကြောင့် စာဖတ်သူများ အားလုံးပဲ ကံကောင်းကြပါစေ ရှင်

တနင်္ဂနွေနေ့ မွေးသူများ

ထူးခြားကံကောင်းသော ကာလဖြစ်သည်။ ရည်ရွယ်ချက်များ၊ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်သော ကာလဖြစ်သည်။ တစ်ပါးသူကြောင့် မိမိ စိတ်ညစ်ရကိန်းမှ လွတ်ကင်းမည်။ ချမ်းမြေ့ဖွယ်ကောင်းသော သတင်းများ ရရှိမည်။ ပိတ်နေသောလမ်းများ ပြန်ပွင့်မည်။ ဥစ္စာဓန နှင့် ပတ်သက်၍ တိုးပွားမည်။ ရည်မှန်းထားသည်များ အောင်မြင်မည်။ ထူးခြားသော တိုးတက်မှုများ ရရှိနိုင်သော အနေအထား ရှိပါသည်။ ပြန့်ကျဲနေသော ရပိုင်ခွင့်များ ပြန်ရမည်။ ခက်ခဲသော ကိစ္စများ ပြန်လည် အဆင်ပြေနိုင်သော အခြေအနေ ရှိပါသည်။

ကံကောင်းသော အရောင် - အဝါရောင်၊ မီးခိုးရင့်ရောင်၊ အစိမ်းရင့်ရောင်။

အကျိုးပေးဂဏန်း - ၀ ၊ ၆၊ ၉ ၊၇

ယတြာ - အိမ်ရှိ ဆန်ကော၊ ဆန်ကာ အဟောင်းတစ်စုံတစ်ရာအား ရှာဖွေစွန့်ပစ်လိုက်ပါ။ 

တနင်္လာနေ့မွေးသူများ

အပြောင်းအလဲရှိမည်။ ခရီးနှင့်ပတ်သက်သော ကံပွင့်မည်။ လူမျိုးကွဲ၊ လူမျိုးခြားများ အကျိုးပေးသော ကာလဖြစ်သည်။ တစ်ပါးသူကြောင့် မိမိတွင် စိတ်သောက ဖြစ်ရမည်။ ငွေကြေး အကုန်အကျများနိုင်သော အနေအထားရှိသော်လည်း ငွေဝင်ကောင်းသည်။ ရင်းနှီးသောသူများနှင့် အသေးစား ပဋိပက္ခများ ကြုံနိုင်သော အနေအထားရှိပါသည်။ မိသားစုတွင် ခြံ၊ ကား၊ အခန်းကိစ္စများ စကားပြောရမည်။ ပစ္စည်းပျောက်တတ်သည်။ ငွေလက်လွန်တတ်သည်။ ဖြစ်လိုသည်များ အဆင်ပြေစွာ ဖြစ်ပေါ်သွားမည်။ ငွေရေးကြေးရေးတွင် လိုသလောက် အဆင်ပြေမည်။

ကံကောင်းသော အရောင် - အနီရောင်၊ အပြာရင့်ရောင်၊ အဝါရောင်

အကျိုးပေးဂဏန်း - ၃ ၊ ၉ ၊၂ ၊၇

ယတြာ - ဓာတ်ခဲ အဟောင်းများအား ရှာဖွေစွန့်ပစ်ပါ။

အင်္ဂါနေ့မွေးသူများ

အလွန်စိတ်ရှုပ်ရသော ကာလဖြစ်သည်။ စိတ်ပန်းလူပန်း ဖြစ်မည်။ လူယုံဒုက္ခပေးမည်။ တစ်ပါးသူကြောင့် မိမိတွင် စိတ်သောက ဖြစ်စရာ အကြောင်းများ တွေ့ရှိနိုင်ပါသည်။ စာရွက်စာတမ်း၊ ငွေကြေးကိစ္စ၊ ကြားဝင်တာဝန်ယူ အာမခံခြင်းများ ရှောင်ပါ။ ငွေလိမ်ခံရမည်။ လူလိမ်၊ လူကောက် တွေ့တတ်သည်။ စိတ်အနှောင့်အယှက်များ တွေ့ရမည်။ စိတ်မြန်ခြင်းကြောင့် အမှားတွေ့တတ်သည်။ ငွေကြေး၊ ပဋိပက္ခရန်၊ အိမ်တွင်းမှု အထင်လွဲခံရခြင်း အလုံးစုံသည် ထိုကာလအတွင်း စိုးမိုးနေသည်။ သို့ရာတွင် ခက်ခဲသော ကိစ္စများ ပြန်လည် အဆင်ပြေနိုင်သော အခြေအနေရှိပါသည်။

ကံကောင်းသော အရောင် - အပြာရင့်ရောင်၊ အဝါရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၁၊ ၃၊ ၆၊ ၀

ယတြာ - မွေးနေ့တွင် သတ်သတ်လွတ်စားပါ။   

ဗုဒ္ဓဟူးနေ့မွေးသူများ

ဘဝတက်လမ်း ကာလဖြစ်သည်။ ရည်မှန်းချက်များ အောင်မြင်မည်။ တက်လမ်းပွင့်သော ကာလဖြစ်သည်။ ရည်ရွယ်ချက်သစ်များ အကောင်အထည် ဖော်နိုင်မည်။ တစ်ပါးသူ တိုက်ခိုက် နှောင့်ယှက်နေသည့်ကြားမှ မိမိလိုလားချက်ကို ဆောင်ရွက်နိုင်သော အနေအထား ရှိပါသည်။ ဘဝအတွက် ထူးခြားသော အပြောင်းအလဲကောင်းများ ပေါ်ပေါက်မည်။ မှန်းထားသည်နှင့် လက်တွေ့ကွာခြားသော အခြေအနေရှိပါသည်။ တစ်ကြိမ်မှ ကြံုတွေ့ဖူးခြင်း မရှိသေးသော အတွေ့အကြံုသစ်များ ရရှိနိုင်သောကာလ ဖြစ်ပါသည်။ ကြန့်ကြာနေသော ရပိုင်ခွင့်များ လက်ဝယ်ပြန်လည် ရရှိနိုင်သော ကာလဖြစ်သည်။

ကံကောင်းသော အရောင် - နီညိုရောင်၊ အစိမ်းရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၆၊ ၈၊ ရ၊ ၀

ယတြာ - အုန်းပင်အောက်တွင် အရှေ့မြောက်အရပ်ကို မျက်နှာမူ ရပ်ကာ ဇီးယိုစားခြင်း မကြာခဏ ပြုလုပ်ပါ။  

ကြာသာပတေးနေ့ မွေးသူများ

အဖက်ဖက်မှ ကောင်းသောကာလဖြစ်သည်။ ရည်မှန်းချက်များ အောင်မြင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ ဘဝတက်လမ်း ပွင့်မည်။ အပြိုင်အဆိုင် အတိုက်အခံများမည်။ မနာလိုသူပေါမည်။ အခက်အခဲများ မည်မျှရှိစေ အောင်မြင်မည်။ ဘဝတိုးတက်မှုရှိမည်။ ငွေကြေးကံ စီးပွားကံ တက်လမ်းပွင့်သော ကာလဖြစ်သည်။ မိမိအပေါ် ဒုက္ခပေးသော လူများမှ ကင်းဝေးမည်။ အရာရာ စိတ်ချမ်းမြေ့မှုများ ကြံုမည်။ ဖြစ်လိုသည်များ အဆင်ပြေစွာ ဖြစ်ပေါ်သွားမည်။ ငွေရေးကြေးရေးတွင် လိုလားသလောက် အဆင်ပြေမည်။ ဘဝ အောင်မြင်မည်။ လုပ်ငန်းတိုးတက်မည်။

ကံကောင်းသော အရောင် - အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ၆၊ ၃၊ ရ၊ ၄

ယတြာ - နန်းကြီးမုန့်တီ ဒါနပြုပါ။   

သောကြာနေ့ မွေးသူများ

အခက်အခဲများ ကျော်လွှားနိုင်မည်။ ရည်မှန်းချက်သစ်များ အကောင်အထည်ဖော်နိုင်မည်။ ဥစ္စာစီးပွား တိုးတက်မည်။ စီးပွားရေးကောင်းသည်။ ခက်ခက်ခဲခဲကြားမှ ဆန္ဒနှင့် လိုလားချက်များ အောင်မြင်သွားနိုင်သော အခြေအနေရှိပါသည်။ ခရီးသွားရမည်။ သူတစ်ပါးစကား ယုံမိ၍ စိတ်သောကဖြစ်မည်။ အကျိုးပျက်စေလိုသူများ ရှိမည်။ အနိုင်ကျင့် စိုးမိုးလိုသူ ပေါမည်။ ကြန့်ကြာနေသော ရပိုင်ခွင့်များ လက်ဝယ်ပြန်လည် ရနိုင်သော ကာလဖြစ်သည်။ ရသင့်သော ရပိုင်ခွင့်များ လက်ဝယ်ပြန်ရမည်။ မိမိအား အထိုက်အလျောက် အနှောင့်အယှက်ပြုသူများ ပေါ်ပေါက်နိုင်သော အနေအထား ရှိပါသည်။

ကံကောင်းသော အရောင် - အစိမ်းရောင်၊ မီးခိုးရောင်၊ မိုးပြာရောင်

အကျိုးပေးဂဏန်း - ၀ ၊ ၈ ၊ ၄ ၊ ရ

ယတြာ - ပဲပလာတာကို ကိုယ်တိုင်လည်း စားသုံးပါ။ သူတစ်ပါးကိုလည်း ကျွေးမွေးပါ။  

စနေနေ့မွေးသူများ

စကားအောင်မြင်မည်။ မိမိအပေါ် အထောက်အကူပြုသူ ပေါ်မည်။ ငွေစု၍ မရ။ အကုန်အကျများမည်။ ကိုယ်ရေးကိစ္စထက် တစ်ပါးသူကိစ္စများ ပို၍ စိတ်ဝင်စားနေသော အနေအထားရှိပါသည်။ တစ်ပါးသူနှင့် မတူသော ရှုထောင့်မှ တင်ပြမှုအပေါ် ၀ိုင်းဝန်းဝေဖန်သူ များမည်။ အမှန်ဖြစ်သည်ကို သိလင့်ကစား လက်မခံသော အနေအထားများ ရှိနေမည်။ အဟောင်းအသစ် အတွေးအခေါ်နှစ်ခုကြား ပဋိပက္ခဖြစ်မည်။ မိမိအရှုံးပေးရမလို ဖြစ်ပြီးမှ အနိုင်ရမည်။ ယဉ်၊ စက်ပစ္စည်းများနှင့် ပတ်သက်၍ ငွေကုန်များတတ်သည်။ အနီနှင့် အနက်တွဲ၍ ၀တ်ဆင်ခြင်းကို ရှောင်ပါ။

ကံကောင်းသော အရောင် - နို့နှစ်ရောင်၊ အညိုရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၀၊ ၆၊ ရ၊ ၂

ယတြာ - ညောင်ပင်အောက်တွင် အရှေ့တောင်အရပ်ကို မျက်နှာမူ၍ အုန်းထန်းလျက် စားသုံးပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။