မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု C ပွဲစဉ်မှာ ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ယခုနိုင်ပွဲကြောင့် အုပ်စုထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အုပ်စုပွဲ လေးပွဲကစားထားပြီချိန်မှာ ရိုးမားအသင်းဟာ ၈ မှတ်ရရှိထားပြီး ဇယားထိပ်ဆုံးမှာရှိနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ အုပ်စု ပွဲ လေးပွဲကစားထားပြီချိန်မှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

ရိုးမားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီရော့တီ၊ ဒီဇီကို၊ အယ်ရှာရာဝီ၊ စထရူးမန်း၊ ဒီရော့ဆီ ၊ နိုင်ဂိုလန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ မိုရာတာ၊ ပက်ဒရို၊ အလွန်ဆို၊ ဘာကာယိုကို၊ ဖာဘရီဂတ်၊ အယ်ပလီကွယ်တာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ချဲလ်ဆီးအသင်းကစားကွက်တည်မရတာကိုဘအခွင့်ကောင်းယူပြီး အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရိုးမားအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၁ မိနစ်မှာပဲ အယ်ရှာရာဝီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းအတွက် ဒုတိယဂိုးကို အယ်ရှာရာဝီကပဲ ၃၆ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာတော့ ရိုးမားအသင်းဟာ နှစ်ဂိုး အသာနဲ့ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ၆၃ မိနစ်မှာ ပီရော့တီ ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။