အချစ်အတွက်ကံမကောင်းခဲ့သူပါဆိုတဲ့တိုင်းရင်းသူတေးသံရှင်ကောင်မလးကိုမှတ်မိကြသေးရဲ့လားပရိသတ်ကြီး။ဟုတ်ပါတယ်ပရိသတ်တွေဝေးကွာခဲ့တာကြာပြီးဖြစ်တဲ့တေးသံရှင်Lဆိုင်းဇီပဲဖြစ်ပါတယ်။သူမရဲ့အချစ်အတွက်ကံမကောင်းခဲ့သူပါဆိုတဲ့သီချင်းလေးနဲ့ပရိသတ်တွေရင်ထဲစတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။တေးသံရှင်ယုန်လေးနဲ့အတူတွဲဖက်သီဆိုခဲ့တဲ့အချစ်အတွက်ကံမကောင်းခဲ့သူဆိုတဲ့သီချင်းလေးဟာသူမရဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီးပရိသတ်တွေသဘောကျနှစ်ခြိုက်ခဲ့ကြရတာပဲဖြစ်ပါတယ်။ဆိုင်းဇီဟာသူမရဲ့ထူးခြားတဲ့အသံပါဝါနဲ့ပရိသတ်တွေရင်ထဲထိအောင်ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့အဆိုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

တေးသံရှင်Lဆိုင်းဇီဟာအနုပညာလုပ်ငန်းတွေရပ်ဆိုင်းထားပြီးပရိသတ်တွေနဲ့အလှမ်းဝေးနေခဲ့တာကြာပြီပဲဖြစ်ပါတယ်။Lဆိုင်းဇီဟာပရိသတ်တွေနဲ့ဝေးကွာနေခဲ့ပေမယ့်သူမရဲ့တတိယတစ်ကိုယ်တော်အယ်လ်ဘမ်အတွက်ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။ဆိုင်းဇီရဲ့အနှိုင်းမဲ့ကျေးဇူးတော်လို့အမည်ရတဲ့ဒုတိယမြောက်အယ်လ်ဘမ်ထွက်ရှိပြီးတဲ့နောက်မှာတော့ယခုတတိယမြောက်အယ်လ်ဘမ်လေးကိုပြင်ဆင်နေတာပဲဖြစ်ပါတယ်။အောက်တိုဘာ၃၁ရက်နေ့မနေ့ညကသူမရဲ့တတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ်အတွက်ရိုက်ကူးရေးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။သူမရဲ့လူမကွန်ယက်ကနေလဲဆိုင်းဇီရဲ့တတိယအခွေအတွက်ရိုက်ကူးရေးအမှတ်တရဆိုတဲ့စာလေးနဲ့အတူပါဝင်ရိုက်ကူးပေးကြတဲ့အနုပညာရှင်ညီကိုမောင်နှမများနဲ့ရိုက်ကူးထားတဲ့အမှတ်တရပုံရိပ်တွေလဲမျှဝေထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ငြိမ်းချမ်းရေးဂီတဖျော်ဖြေပွဲလေးတွေနဲ့နယ်ပွဲလေးတွေတော့သွားရောက်ဖျော်ဖြေဖြစ်နေပါတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၂၉ရက်နေ့ကလဲနေပြည်တော်မှာငြိမ်းချမ်းရေးဂီတပွဲတော်လေးမှာသွားရောက်ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။တန်ဆောင်တိုင်မှာလဲပဲခူးမှာပွဲသွားဆိုဖို့ရှိတယ်လို့သိရပါတယ်။ပရိသတ်တွေအနေနဲ့လဲသူမရဲ့ထူးခြားတဲ့အသံပါဝါနဲ့သီဆိုထားတဲ့သီးချင်းကောင်းလေးတွေကိုနားဆင်ချင်နေကြမယ်လို့ထင်ပါတယ်။မကြာခင်ထွက်ရှိတော့မယ်တေးသံရှင်Lဆိုင်းဇီရဲ့တတိယမြောက်အယ်လ်ဘမ်လေးကိုလဲပရိသတ်တွေစောင့်မျှော်နားဆင်ကြရမှာပဲဖြစ်ပါတယ်။ဒီခွေလေးထဲမှာသေချာပြင်ဆင်ထားတဲ့သီချင်းကောင်းလေးတွေဖြစ်တာကြောင့်ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျမှာပါအားပေးပါအုန်းလို့ဆိုပါတယ်။သူမရဲ့တတိယမြောက်အယ်လ်ဘမ်ရိုက်ကူးရေးမှအနုပညာရှင်ညီကိုမောင်နှမများနဲ့အမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - Lဆိုင်းဇီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။