ယမန်နေ့ညက ချန်ပီယံအုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ အိမ်ကွင်းမှာ ဘင်ဖီကာနှင့် ကန်ခဲ့ပါတယ်။ မန်ချက်စတာယူနိင်တက်မှာတော့ မာတစ်ပြန်လည်ပါ၀င်လာပါတယ်။ နှစ်ဘက်စလုံးကတော့ အတောင့်တင်းဆုံး ကစားသမားစာရင်းနှင့်ပွဲထွက်လာပါတယ်။ 

ပွဲစတယ်ဆိုတာနှင့် နှစ်သင်းလုံး တစ်ဘက်ကိုတစ်ဘက် ဖိကစားနိုင်ခဲ့ကြပါတယ်။ ပွဲချိန်၁၅မိနစ်မှာတော့ မန်ချက်စတာယူနိင်တက်အသင်းအနေဖြင့် ပင်နယ်တီကိုရရှိခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီဂိုးကို မာရှယ်ကကန်သွင်းခဲ့သော်လည်း ဂိုးသမား ဆဗီလာက ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ပထမပြီးခါနီး ၄၅မိနစ်မှာတော့ မန်ချက်စတာယူနိင်တက်အသင်းအနေဖြင့် ဦးဆောင်ဂိုးကို ရခဲ့ပါတယ်။ 

အဆိုပါဂီုးကတော့ ယူနိုင်တက်ကစားသမား မာတစ်ကန်သွင်းခဲ့ရာကနေ တိုင်ထိထွက်လယပြီး ဘောလုံးကို ဘင်ဖီကာဂိုးသမား ဆဗီလာကိုထိမိပြီး ဂိုးဝင်ခဲ့တာပါ။ ဆဗီလာ၏ OGဂိုးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ပွဲချိန် ရ၇မိနစ်မှာတော့ မန်ချက်စတာယူနိုင်တက်အနေဖြင့် ဒုတိယဂိုးကိုရရိ်ှခဲ့ပါတယ်။ အဆိုပါဂိုးကတော့ ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပြီး ဘလင်းကသွင်းယူခဲ့တာပါ။ ပွဲအပြီးမှာတော့ မန်ချက်စတာယူနိင်တက်က ၂-၀ ဖြင့် ဘင်ဖီကာကို အနိုင်ရရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။