အောက်တိုဘာ(၃၁)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် သရုပ်ဆောင် မင်းသား Kim Joo Hyuk ရဲ့ ဈာပန အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်..။ Kim Joo Hyuk ရဲ့ ဈာပန အခမ်းအနားကို သူ့ရဲ့ “1 Night 2 Day” အဖွဲ့သားများ တတ်ရောက်ခဲ့ပြီး နာမည်ကျော် ဂိမ်းကစားပွဲအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man အဖွဲ့သားများဖြစ်ကြတဲ့ ဆောင်းဂျီဟို၊ လီဂွမ်ဆူ၊ ဟားဟား၊ ယူဂျယ်ဆော့၊ ဂယ်ရီ၊ ဆော့ဂျင်၊ ဂျူံးဂုတို့ကလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်..။ ထို့ပြင် အခြား နာမည်ကြီး အနုပညာရှင်များစွာလည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်..။

Kim Joo Hyuk ရဲ့ ချစ်သူဖြစ်တဲ့ မင်းသမီး Lee Yoo Young ကလည်း သူမရဲ့ ချစ်သူအတွ့် ဖြေမဆယ်နိုင်ပေမယ့်လည်း ဈာပန အခမ်းအနားကို တတ်ရောက်ခဲ့ပါတယ်..။ 1 Night 2 Day အဖွဲ့သားသားဖြစ်ကြတဲ့ Kim Jun Ho, Kim Jong Min, Yoon Si Yoon နဲ့ Chae Tae Hyun တို့ တတ်ရောက်ခဲ့ကြပါတယ်..။ အခြားနာမည်ကြီး အနုပညာရှင်များ ဖြစ်ကြတဲ့ oo Joon Sang, Lee Kyung Young, Jang Geun Suk, Jung Jin Young, Choi Min Sik, Song Kang Ho, Son Ye Jin, Lee Mi Yeon, Kim Sung Ryung, Jo Jin Woong တို့ တတ်ရောက်ခဲ့ပြီး Han Ji Min, Go Soo, Kwon Sang Woo, Jung Hye In, Jo Yeo Jung, Jung Kyung Ho, Seo Ye Ji, Park Seo Joon, Kim Eui Sung, Han Hyo Joo, Go Doo Shim, Son Hyun Joo, Kim Kang Woo, Kim Jae Dong, Kim Sook, Lee Kyung Kyu, Hong Suk Chun တို့ကလည်း အခမ်းအနားကို တတ်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်…။

Kim Joo Hyuk ဟာ အောက်တိုဘာ(၃၀)ရက်နေ့မှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။ ရိုက်ကူးရေးက အပြန် ကိုရီးယားစံတော်ချိန် ညနေ(၄)နာရီ မိနစ်(၃၀) အချိန်လောက် ဆိုးလ်မြို့ Samseong ရပ်ကွက် Accident ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ယာဉ်တိုက်မှုနဲ့ ကြုံတွေခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်..။ ကားထဲကနေ ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဆေးရုံကို ပို့ဆောင်နေစဉ်မှာပဲ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။ ချစ်သူဖြစ်တဲ့ မင်းသမီး Lee Yoo Young ကလည်း သတင်းကြားကြားချင်းမှာပဲ Running Man ရိုက်ကူးရေးကို ရပ်နားခဲ့ပြီး ဆိုးလ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်..။ သူတို့နှစ်ဦးဟာ မကြာခင်လက်ထက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်..။

Source - Allkpop

https://www.allkpop.com/article/2017/10/the-late-kim-joo-hyuks-girlfriend-lee-yoo-young-1-night-2-days-members-and-more-captured-at-mortuary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။