နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိတဲ့လမ်းမတော်တန်ဆောင်တိုင်ပွဲတော်ကိုထူးထူးခြားခြားအနေနဲ့ဖွင့်ပွဲအခမ်းအနားပြုလုပ်သွားမယ်လို့သိရပါတယ်။ယခင်က လမ်းမတော်တန်ဆောင်တိုင်ပွဲတော်ကျင်းပရာတွင် ဖွင့်ပွဲအခမ်းအနားဟူ၍ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခု ၂၀၁၇ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးတင်ဆွေအောင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် (၇၉) ကြိမ်မြောက် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက် ညနေ ၆နာရီ မိနစ် ၃၀ အချိန်၌ အနော်ရထာလမ်းမပေါ် ဝါးတန်းလမ်းနှင့် ၁ လမ်းကြား အမျိုးသားကြက်တောင်ရုံရှေ့ ဖျော်ဖြေရေးစင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။(၇၉) ကြိမ်မြောက်လမ်းမတော်တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုလည်း ဖိတ်ထားကြားထားတယ်လို့လဲသိရပါတယ်။

ယခုနှစ်တန်ဆောင်တိုင်ပွဲတော်ကိုတန်ဆောင်မုန်းလဆန်း ၁၃ ရက် (အောက်တိုဘာ ၁)နေ့တွင် ဂီတ သီဆိုဖျော်ဖြေမှု၊ ယိမ်းအကအလှများ၊ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေသွားမှာဖြစ်ပြီးတန်ဆောင်မုန်းလဆန်း ၁၄ ရက်(အောက်တိုဘာ၂)တွင်အလှဖန်တီးရှင်များ(မေမြတ်နိုး)အဖွဲ့၏တေးသရုပ်ဖျော်ဖျော်ဖြေမှာဖြစ်ပါတယ်။ထပ်မံ၍တန်ဆောင်မုန်းလပြည့်နေ့(အောက်တိုဘာ ၃)နေ့တွင်ဟာသသရုပ်ဆောင်စံလင်းနှင့်မီးသမီးသဒ္ဒါမိုးချစ်တို့၏ အငြိမ့်ဖျော်ဖြေမှုများနဲ့တန်ဆောင်မုန်းလပြည့်ကျော်၁ရက်(အောက်တိုဘာ၄)နေ့တွင်လည်းစင်တင်တေးဂီတဖျော်ဖြေမှုများဖြင့် ၄ ရက်တိုင်တိုင်၊ ည ၇ နာရီမှ ၁၂ အထိဖျော်ဖြေပေးရန်စီစဉ်ထားကြောင်း သိရပါတယ်။ 

သတင်းအရင်းအမြစ် - လင်းလင်းအောင်(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။