ပရိတ်သတ်အသည်းကျော်တွေဖြစ်တဲ့ ခင်ဝင့်ဝါနဲ့ X-Box တို့နှစ်ယောက်ကတော့ VeVe အချို ရည်ကြော်ငြာကို အတူတူရိုက်ကူးနေတာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက ပရိတ်သတ်အခိုင် အမာရရှိထားတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေသူတွေပဲဖြစ်ပါတယ်။ အခု လည်း VeVe ကြော်ငြာကို အမိုက်စား ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ နှစ်ယောက်အတူပုံဖော် ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

အဆိုတော် X-Box အနေနဲ့လည်း မနေ့ညက Channel 7 မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ Radiofestival ပွဲမှာ သီဆိုသွားခဲ့တဲ့ “ အိမ်ပြန်ချင်တယ် ” ဆိုတဲ့သီချင်းလေးဟာ ပရိတ် သတ်တွေရင်ထဲကို တော်တော်လေးရောက်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ 2012 ခုနှစ် Newyear Night Show မှာဝေခဲ့တဲ့ Flowmotion World ဆိုတဲ့အခွေလေး ဟာ ပထမဦးဆုံးစီးရီးခွေလေးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ 2016 ခုနှစ်မှာ “ အိပ်ရေး မပျက်စေနဲ့ ” သီချင်းခွေလေးကို October 9 ရက်နေ့မှာထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေကို ဆက်လက်သိမ်းပိုက်နေသူပဲဖြစ်ပါတယ်။

ခင်ဝင့်ဝါဟာဆိုရင်လည်း Miss Supernational Myanmar 2013 ပွဲမှာ Winner ဆုကိုရရှိ ပိုင်ဆိုင် ခဲ့တာဖြစ်ပါတယ်။ သူမဟာလတ်တလောမှာတော့ သရုပ်ဆောင်မင်းသမီး အလုပ် ကိုလုပ်ကိုင်လျှက်ရှိပြီးအောင်မြင်မှုတွေလည်းရရှိနေတာပဲဖြစ်ပါတယ်။ Photo Shooting တွေလည်း ရိုက်ကူးလေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ မင်းသမီလေးလည်းဖြစ်ပါတယ်။ X-Box နဲ့ ခင်ဝင့်ဝါတို့ နှစ်ယောက်လုံးရဲ့ VeVe အချိုရည်ကြော်ငြာရိုက်ကူးတဲ့ ပုံရိပ်လေးတွေကိုလည်း ကြည့်ရှုလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။