မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု C မှာတော့ အက်သလက်တီကိုအသင်းနဲ့ ကွာရာဘတ် တို့ဟာ တစ်ဖက် တစ်ဂိုးစီးနဲ့ သရေရလဒ် ရရှိခဲကြတာလည်းဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ရိုးမားအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့အချိန်မှာ အက်သလက်တီကိုအသင်းဟာ အိမ်ကွင်းမှာ အမှတ်ပြည့်ရယူထားနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ဇယားထိပ်ဆုံးက ရိုးမားအသင်းနဲ့ ၅ မှတ်ကွာဟနေပြီး ဒုတိယနေရာက ချဲလ်ဆီးအသင်းနဲ့ ၄ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရက်ဇမန်း၊ ဂါမဲရိုး၊ ဆောလ်နီဂွက်၊ ဂါဘီ၊ ပါတေး၊ ကော်ရီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ကွာရာဘတ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆေလ်းဒပ်၊ ဂွာရဲရား ၊မက်ဒဲရား၊ ဒါဆေးဗာလ်း၊ ကွာရာရက်၊ အိုလီဗီရာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ဂိုးပေါက်ချိန်းခြောက်မှု ၃၅ ကြိမ်မှာ ၁ ဂိုးသာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ကွာရာဘတ်အသင်းကစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ မိနစ် ၄၀မှာ မာဒီရာ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့အချိန်ထိတော့ ကွာရာဘတ်အသင်းကတစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၅၆ မိနစ်မှာတော့ ပါတေးက အက်သလက်တီအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၅၉ မိနစ်မှာ ကွာရာဘတ်ကစားသမား ဒါဆေးဗာလ်း တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။၈၈ မိနစ်မှာတော့ အက်သလက်တီကိုအသင်းရဲ့ ကစားသမား ဆာဗစ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။