တစ်ချိန်က 90 Born တွေကြားမှာ နာမည်ကြီးခဲ့တဲ့အဆိုတော်တွေကြားမှာ No ဆိုတဲ့ Girl Band လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ သဇင် ရည်မွန်နဲ့ ရတနာဆိုတဲ့ မိန်းမချောလေး သုံးယောက်ပေါင်းစည်းဖွဲ့ထားတာဖြစ်ပြီး အရမ်းကိုအောင်မြင်ခဲ့တဲ့ အဆိုတော်အဖွဲ့ဆိုလဲမမှား ပါဘူး။ သူတို့ရဲ့ သီချင်းသံစဉ်လေးတွေက ယနေ့ထက်တိုင် ပရိတ်သတ်တွေပါးစပ် ဖျားမှာစွဲ နေတုန်းပါပဲ။

ပဋိပက္ခအချို့ဖြစ်ပြီး အဖွဲ့ပြိုကွဲသွားပြီးနောက် အဖွဲ့ဝင်နှစ်ဦးနဲ့ Show ပွဲတွေမှာ တွေ့ရလေ့ ရှိပြီး နောက်ပိုင်းမှာတော့ မိသားစုဘဝကိုယ်စီနဲ့ အနုပညာလုပ်ငန်းတွေမှာ မတွေ့ရတော့ ပါဘူး။ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မင်းသမီးသဇင်ကတော့ ပြည်ပမှာခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင် နေတာဖြစ်ပြီး ရည်မွန်နဲ့ ရတနာကတော့ မိသားစုကိုယ်စီဘဝလေးတွေနဲ့ အဆင်ပြေပြေ ဖြတ် သန်းနေတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ လက်ရှိ No အဖွဲ့ဝင်တွေဖြစ်တဲ့ ရည်မွန်နဲ့ ရတနာကတော့ ရှမ်း ပြည်နယ်မှာပြုလုပ်နေတဲ့ “ အဘိဓမ္မာအဖွဲ့ ” ကထိန်အလှူမှာပါဝင်ပြီး ကုသိုလ်ယူနေတာ ပဲဖြစ်ပါတယ်။ ရည်မွန်ရဲ့ချစ်စဖွယ်သားလေးလည်း အလှူပါဝင်ခဲ့ပါတယ်။ No အဖွဲ့ရဲ့ အလှူ ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။