အမှောင်တွေမလာခင် နေဝင်ချိန်တွေကို ခဏရပ်ထားချင်တယ်ဆိုတဲ့ စာလေးရေးထားတဲ့ နန်းစုတစ်ယောက်ကတော့ အင်းလေးက သဘာဝအလှတွေကြားမှာ ပျော်မွေ့နေပုံပါပဲ။

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်စိတ်ဝင်တစားအာရုံစိုက်ခြင်းခံရတဲ့ မင်းသမီးချောလေး နန်းစုရတီစိုးကတော့ အသက်အရွယ်တွေဘယ်လောက်ပဲပြောင်းလဲလာလာ သူမရဲ့ ချစ်စရာကောင်းတဲ့သွင်ပြင်တွေကတော့ နုပျိုလန်းဆန်းနေတုန်းပါပဲ။

စမတ်ကျကျနဲ့ဖက်ရှင်ကျကျ ၀တ်စားတတ်တဲ့ နန်းစုရတီစိုးဟာ ခရီးတွေအမြဲတမ်းထွက်လေ့ရှိပြီး လက်တလောမှာလည်း တောင်ကြီး အင်းလေးခရီးထွက်ပြီး အပန်းဖြေနေတယ်လို့ သိရပါတယ်။

အင်းလေးရောက် နောက်ခံသဘာဝရှုခင်းတွေနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ အမှတ်တရပုံရိပ်တွေကို လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါတယ်။

ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ နန်းစုဟာ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် ကြော်ငြာနဲရှိုးလျှောက်တာကိုတော့ လက်ခံရိုက်ကူးပေးနေဆဲလို့ သိရပါတယ်။

ရူုးအောင်ချစ်ရသူ ဆိုတဲ့ သီချင်းလေးနဲ့ ပိုပြီးလူုကြိုက်များခဲ့တဲ့ နန်းစုဟာ MTVထဲမှာ GFatt ပါ၀င်သရုပ်ဆောင်ထားပေမယ့် ဘယ်သူဆိုတာကို ထုတ်မပြောခဲ့ပါဘူး ။

အခုတစ်ခေါက်ခရီးမှာတော့ သူမနဲ့ အတူ ချစ်သူကောင်လေးရော အတူရှိနေမလားဆိုတာ ပရိသတ်တွေတော့ စိတ်ဝင်စားနေကြပါတယ်။  

Source : Nansu yatisoe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။