အောက်တိုဘာ ၂၂ရက်နေ့က မရန်းကုန်းမြို့တွင် KBZဘဏ်မှ ကုမ္ပဏီပိုင်ပိုက်ဆံတွေ ထုတ်ယူရန် ရောက်နေသော ကားပေါ်မှ ပိုက်ဆံများကို ယူဆောင်ပြီး အခြားကားနှင့်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။ ယခုအခါတွင် အဆိုပါ ယူဆောင်ပြေးသူကို ဖမ်းဆီးရမိိခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။ 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်ခန့်က Diamond Dragon Co.LTD မှ ငွေထိန်းဝန်ထမ်းဖြစ်သူ မယွန်းဖြူ နှင့် မဇင်မာလွင်တို့သည် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ကျော်ဇင်ဦး (၃၀)နှစ်နှင့်အတူ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ကုန်သည်များမှ စားအုန်းဆီဖိုးငွေအဖြစ် ပေးသွင်းထားသော ငွေများကိုဘဏ်များသို့သွားရောက်ထုတ်ယူခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ယုဇနလမ်းရှိ KBZ Bank (1) တွင် ငွေထုတ်ယူရန်ရောက်ရှိစဉ် အခြားဘဏ်များမှ ထုတ်ယူလာသော ငွေများကိုယာဉ်ပေါ်တွင်တင်ထားပြီး မယွန်းဖြူနှင့် မဇင်မာလွင်တို့က ဘဏ်အတွင်းသို့ ငွေများသွားရောက်ထုတ်ယူရာယာဉ်မောင်းကျော်ဇင်ဦးက ယာဉ်ပေါ်တွင်ထားရှိသော ငွေကျပ် ၁၄၁၄၇၆၈၀၀ ကို ယူဆောင်၍ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ထွက်ပြေးသွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၁၁၂၉/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုကဲ့သို့ ယူဆောင်ခိုးယူသွားသူကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့အနေဖြင့် စဉ်ဆက်မပြတ်စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူကျော်ဇင်ဦးသည် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုံ(၃)၊ ဗန်းမော်အတွင်းဝန်လမ်း၊ တိုက်(၂)၊ အခန်း(၁)ရှိ ဒေါ်မြမြဦးအဆောင်တွင် ငှားရမ်းနေထိုင်နေကြောင်း စုံစမ်းသိရှိရပြီး ကျော်ဇင်ဦးမှာ အဆောင်တွင်မရှိဘဲ သော့ခတ်ပိတ်ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လျိှု့ဝှက်စွာစောင့်ကြည့်လျက်ရှိစဉ် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၀၅၀၅ အချိန်တွင် ၎င်းငှားရမ်းနေထိုင်သည့်အဆောင်သို့ပြန်လာသဖြင့် အဆောင်ရှေ့လမ်းမပေါ်တွင်ကျော်ဇင်ဦးအား ဖမ်းဆီးရမိခဲ့ပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဆောင်အတွင်းသို့ဝင်ရောက်ရှာဖွေခဲ့ရာ ခိုးယူလာသည့်ငွေများကိုအဆောင်အခန်းအတွင်း အိပ်ယာကွပ်ပျစ် အောက်တွင်သံသေတ္တာနှင့် လက်ဆွဲအိတ်တို့ဖြင့်ခွဲ၍ ဝှက်သိမ်းထားကြောင်းတွေ့ရပြီး ၎င်းခိုးယူလာသည့် ငွေများအနက် ကျပ် ၁၂၉၁သိန်းနှင့် အခြားပစ္စည်းများကိုတွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။

Source – Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။