ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူတို့ပရဟိတအဖွဲ့ ရဲ့ ကောင်းမှုကုသိုလ် သာဓုခေါ်စေသော်

ငလျင်ဒဏ်သင်လို့ ပုဂံမှာ ရှိတဲ့ တန်ခိုးကြီး စေတီပုထိုး များစွာပြိုကျ ပျက်ဆီးသွားခဲ့ရတာ အားလုံးအသိဖြစ်ကြမှာပါ။ ဒီ ပြိုကျစေတီတော်တွေ ပြန်လည် မွမ်းမံပြင်ဆင်ဖို့အတွက် အားတက်သရော လှူဒါန်းနေတဲ့ မြန်မာလူမျိုးတွေကို မြင်ရတာလည်း ဂုဏ်ယူစရာကောင်းလှပါတယ်။ မိမိတတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေကြတဲ့ သူတွေထဲမှာ ပရိသတ်တွေ ချစ်နှစ်သက်တဲ့ အနုပညာရှင် တစ်ချို့လည်းပါဝင်ပါတယ်။ အကယ်ဒမီ ခန့်စည်သူ ဦးဆောင်ပြီး အနုပညာရှင်တွေပါဝင်တဲ့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ နှင့်အတူ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ယခုတစ်ဖန်လည်း ပုဂံအလိုတော်ပြည့်ဘုရားကြီးရွှေထီးတော်အတွက် ကိုခန့်စည်သူတို့အဖွဲ့က ရွှေဆယ်ကျပ်သား ကိုလှူဒါန်းခဲ့ပါတယ်။ ဒီလို လှူဒါန်းခဲ့ခြင်းနဲ့ ပတ်သတ်ပြီး အကယ်ဒမီခန့်စည်သူက သူ့ရဲ့ လူမှုကွန်ယက်မှာ အခုလိုပဲ ရေးသားပြောကြားခဲ့တာ တွေ့ရပါတယ်။

"ဒီဇင်ဘာ(၁၄)ရက်နေ့ ပုဂံတွင် တင်လှူပူဇော်မည့် ပုဂံအလိုတော်ပြည့် မြတ်စွာဘုရားကြီး၏ ရွှေစင်၊ရွှေသားစစ်စစ် ထီးတော်အတွက် ရည်စူး၍ မေတ္တာသင်္ဂဟ အဖွဲ့မှ ရွှေစင် ရွှေသား(၁၀)ကျပ်သား လှူဒါန်းပါသည်။

နတ်လူသာဓုခေါ်စေသော်။ ။???"

ကဲ ကိုခန့်နဲ့အတူ ပါဝင်လှူဒါန်းခဲ့တဲ့ မေတ္တာသင်္ဂဟ အဖွဲ့ရဲ့ အလှူဒါနကို သာဓုခေါ်ကြရအောင်လား ပရိသတ်ကြီးရေ……………

Source: Kyaw Soe Win( Khant Si Thu' Facebook)

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။