G-Dragon နဲ့ သရုပ်ဆောင် အဆိုတော်မလေး Lee Joo Yeon တို့နှစ်ဦးဟာ ချစ်သူတွေပါဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ရှိခဲ့ပါတယ်..။ အဲ့ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး Lee Joo Yeon က ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်..။ Lee Joo Yeon ရဲ့ အေဂျင်စီက Lee Joo Yeon နဲ့ G-Dragon တို့ ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ ကောလဟာလ သတင်းတွေကို မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ သူမတို့နှစ်ဦးဟာ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေပါလို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်…။ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၀)ရက်နေ့က G-Dragon နဲ့ Lee Joo Yeon တို့ဟာ နှစ်ယောက်အတူ ဗီဒီယိုလေး ရိုက်ပြီးတော့ Lee Joo Yeon ရဲ့ “Kwai” ပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်..။

ဗီဒီယိုထဲမှာတော့ G-Dragon နဲ့ Lee Joo Yeon တို့ဟာ အရမ်းကို ရင်နှီးနေတာကို မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်..။ အဲ့ဒီဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူတွေက သူမတို့နှစ်ယောက်ကို အရမ်းရင်းနှီးနေတာကို ချစ်သူတွေဖြစ်နေကြပြီလို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်..။ Lee Joo Yeon ဟာ After School အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း အဆိုတော် တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်..။ G-Dragon ကတော့ အထူးပြောစရာ မလိုတော့ပါဘူး ပရိသတ်ကြီး အားလုံးသိတဲ့ အတိုင်း BIGBANG အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်..။

သူတို့နှစ်ယောက်ရဲ့ ချစ်သူတွေဖြစ်ကြတယ်ဆိုတဲ့ ကောလဟာသ သတင်းတွေကို Lee Joo Yeon ရဲ့ အေဂျင်စီဖြစ်တဲ့ Better Ent က G-Dragon နဲ့ Lee Joo Yeon တို့ဟာ ချစ်သူတွေ မဟုတ်ကြောင်းကို ပြန်လည်ပြောကြားခဲ့ပါတယ်..။ Lee Joo Yeon နဲ့ G-Dragon တို့ဟာ ချစ်ကြိုက်နေတာ လုံးဝမဟုတ်ပါဘူး..။ သူတို့ကိုယ်တိုင် နှစ်ယောက်စလုံးကို မေးမြန်းပြီးသွားပြီဖြစ်ပြီး သူတို့နှစ်ယောက်က အရမ်းကိုခင်ကြတဲ့ မိတ်ဆွေတွေသာဖြစ်ပါတယ်လို့ ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်..။ သူတို့ကို အထင်လွဲစေခဲ့တဲ့ Kwai ဟာ Apps တစ်မျိုးဖြစ်ပြီး ဗီဒီယိုအတိုလေးတွေကို စုစည်းဖော်ပြလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တာ ဖြစ်ပါတယ်..။ အဲ့ဒီ Apps ကြောင့်ပဲ Nam Tae Hyun နဲ့ Son Dam Bi တို့လည်း ပရိသတ်တွေရဲ့ အထင်မှားမှုတွေ ဖြစ်စေခဲ့ပြီး ချစ်သူတွေ မဟုတ်ကြောင်းကို ပြန်လည်ဖြေရှင်းခဲ့ကြသေးတယ်လို့ သိရပါတယ်.။.

Source - Soompi

https://www.youtube.com/watch?v=Pe8G9HSa8aU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။