ဘင်္ဂလားဒေ့ရှ်မှာ လေယာဉ်မှုးတစ်ဦးအပါအဝင် လူ ၄ ဦးကို လေယာဉ်တစ်စီးကို ပြန်ပေးဆွဲ အပိုင်စီးရန် ကြံစည်မှုဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေးတပ်ဖွဲ့ (RAB) က ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RAB ပြောရေးဆိုခွင့်ရှိသူ Khan က (JMB) စစ်သွေးကြွအဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။JMB စစ်သွေးကြွတွေဟာ လေယာဉ်တစ်စီးကို ပြန်ပေးဆွဲရန် ပူပေါင်းကြံစည်နေတယ်လို့ သတင်းရရချင်းဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြန်ပေးဆွဲအဖွဲ့ထဲမှာပါဝင်နေတဲ့ ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ ပူးတွဲလေယာဉ်မှုး(ပထမအရာရှိ) Sabbir Amam ကိုလည်းဖမ်းဆီးနိုင်ခဲ့ပြီး စစ်သွေးကြွအဖွဲ့အဝင် အချို့ကိုလည်းဖမ်းဆီးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးအဖွဲ့တွေဟာ ဒါကာမြို့မှာရှိတဲ့ ၎င်းစစ်သွေးကြွတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။JMB အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က ဒါကာမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် လူပေါင်း ၁၅၀ လောက်ထိ ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

SOURCE - CHINA XINHUA NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။