မော်ဒယ်နှင့်သရုပ်ဆောင်ရွှေသမီးကတော့ မြန်မာဝတ်စုံပန်းရောင်ဇာလေးနဲ့ ကျက်သရေ ရှိရှိ လှပလို့နေပါတယ်။ သူမရဲ့ချစ်စဖွယ်အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ် မြတ်နိုးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ မင်းသားမြင့်မြတ်နဲ့အတူ သူမရိုက်ကူးထားတဲ့ “ ရွှေ ရတုနဲ့ေ၀ ” ဆိုတဲ့ဇာတ်ကားလေးက ပရိတ်သတ်တွေ သဘောတကျကျဖြစ်ခဲ့ရတဲ့ ဇာတ်ကား လေးပါပဲ။

သူမကို မိန်းမချင်းသဘောကျတဲ့ Lesbian အဖြစ်စွပ်စွဲမှုတွေကို သူမအနေနဲ့ မိန်းမချင်း ကြိုက်နေတာမဟုတ်သလို ဒီအသက်အရွယ်ထိလဲ ရည်းစားမထားဖူးသေးပါဘူးလို့ Interview တစ်ခုမှာဖြေကြားခဲ့ပါသေးတယ်။ ပရိတ်သတ်တစ်ယောက်က သင်္ကြန်မှာသူမကို Hotel တစ်ခုမှာ ညအိပ်ဝတ်စုံနဲ့ Breakfast စားနေတာမြင်တယ်လို့ လူမှားစွပ်စွဲတုန်းကလည်း သူမက ရယ်ရယ် မောမောနဲ့ သူမမဟုတ်ကြောင်းပြန်လည်ရှင်းပြခဲ့ပါသေးတယ်။ ပွင့်ပွင့် လင်းလင်းစိတ်ထားရှိပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးပါ။

အလုပ်တွေမအားလပ်တာမို့ သူမရဲ့ ပရိတ်သတ်တွေအတွက် ပုံသစ်တွေမတင်နိုင်ပဲ ဖြစ်နေ တာကြောင့် သူမရဲ့ပရိတ်သတ်တွေအတွက် အလွမ်းပြေဆိုပြီး သူမရဲ့ပန်းရောင်ဇာ ဝမ်းဆက် မြန်မာဝတ်စုံလေး ဝတ်ပြီး ရိုက်ကူးထားတဲ့ပုံလေးကို တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ မြန်မာဆန် ဆန်လေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ဝတ်စုံလေးပါပဲ။ ပရိတ်သတ်ကြီးလဲ ကြည့်ရှုနိုင် အောင် တင်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။