နိုဝင်ဘာ၁ရက်နေ့ဒီနေ့မှာတော့ပရိသတ်ချစ်အနုပညာရှင်များစုပေါင်းမဟာဘုံကထိန်ပွဲလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ရုပ်ရှင်အစည်းအရုံးမိသားစုမဟာဘုံကထိန်ပွဲအလှူလေးကိုအနုပညာရှင်များစွာလာရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။အနုပညာရှင်များစွာထဲပရိသတ်ချစ်မင်းသမီးချောလေးအိချောပိုလဲသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့မင်းသမီးချောလေးအိချောပိုအရမ်းကိုလှနေတာပဲဖြစ်ပါတယ်။ရုပ်ရှင်အစည်းအရုံးမဟာဘုံကထိန်လေးမှအိချောပိုရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

ဒီနေ့မှာတော့ပရိသတ်ချစ်အနုပညာရှင်ညီကိုမောင်နှမများအားလုံးနဲ့ရုပ်ရှင်ထုတ်လုပ်ရေးများမှသံဃာတော်များအတွက်ငွေပဒေသာပင်များပြုလုပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မင်းသမီးချောလေးအိချောပိုဟာလဲအနုပညာရှင်ညီကိုမောင်နှမတွေနဲ့တက်ညီလက်ညီပါဝင်လှူဒါန်းခဲ့ပြီးသံဃာတော်များကိုဆွမ်းလောင်းခဲ့ပါတယ်လို့ဆိုပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲသံဃာတော်အရှင်သူမြတ်တွေကိုဆွမ်းလောင်းလှူဒါန်းနေမှုပုံရိပ်လေးတွေနဲ့အနုပညာရှင်ညီကိုမောင်နှမများအားလုံးနဲ့ရိုက်ကူးထားတဲ့အမှတ်တရပုံရိပ်လေးတွေလဲမျှဝေခဲ့တာပဲဖြစ်ပါတယ်။

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ရပ်ကျော်ရွှာကျော်ဗီဒီယိုဇာတ်ကားလေးကိုမနေ့ကရိုက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ပရိသတ်တွေကြားရေးပန်စားဝန်းရံခြင်းခံနေရတဲ့အမည်ပေါက်နှင့်ကျူးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာလဲမကြာင်မှီပရိသတ်တွေကြည့်ရှုခံစားရတော့မှာပဲဖြစ်ပါတယ်။သဘာဝဇာတ်ရုပ်တွေကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့မင်းသားမြင့်မြတ်နဲ့အတူရိုက်ကူးထားတဲ့ဘဝပညာပေးဇာတ်ကားလေးဖြစ်တာကြောင့်ပရိသတ်တွေနှစ်သက်အားပေးရကျိုးနက်မယ့်ကားလေးဖြစ်ပါတယ်အားပေးကြပါနော်လို့ဆိုပါတယ်။ပရိသတ်ချစ်သရုပ်ဆောင်အိချောပိုဟာပရိသတ်တွေအတွက်အနုပညာလုပ်ငန်းတွေကြိုးစားလုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။