လူမှုကွန်ယက်မှာ ချစ်သူစုံတွဲတွေ သူတို့အကြောင်းကို လူသိရှင်ကြားပြနေတိုင်း ပျော်ရွှင်တဲ့စုံတွဲတစ်တွဲ ဖြစ်နေမယ်လို့ ယူဆလို့မရပါဘူး။ အောက်ပါအချက်တွေအရ ဘာကြောင့်လဲသိနိုင်ပါတယ်။

၁) လူတွေကိုယုံအောင်လုပ်နေသလိုဖြစ်နေတာ

သင့်ချစ်သူကို Tagပြီး နှစ်ဦးသား ချစ်စကားတွေ လူရှေ့မှာပြောနေမယ်ဆိုတာက လူတွေရှေ့မှာ သင်တို့ဟာ ပျော်ရွှင်တဲ့စုံတွဲပါလို့ ပြောပြနေသလိုဖြစ်ပြီး သင့်ကိုယ်သင်လဲ အဲလိုအယုံသွင်းနေသလိုဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ပျော်ရွှင်တဲ့စုံတွဲဟာ တစ်ယောက်နဲတစ်ယောက်ချစ်တာကို လူရှေ့ချပြပြီး အာရုံစိုက်ခံရအောင်လုပ်စရာမလိုသလို၊ တစ်ဦးနဲ့တစ်ဦးအကောင်းဆုံး သိနေကြတာမို့လို့ပါ။

၂) ဓာတ်ပုံတွေအကြောင်း

ချစ်သူနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားတာဟာ အမှတ်တရလို့ဆိုပေမယ့် လူတွေရှေ့ချပြစရာမလိုပါဘူး။ တကယ်ပျော်ရွှင်တဲ့စုံတွဲတွေဟာ ဓာတ်ပုံတွေအစား ကြည်နူးစရာအချိန်အခိုက်အတန့်လေးကို တူတူခံစားတတ်ကြပြီး လူတွေသိအောင်ချပြဖို့က သူတို့အတွက် အရေးပါတဲ့အရာမဟုတ်ပါဘူး။

၃) နှစ်ဦးကြားကိစ္စတွေကို အပြင်မှာဖြေရှင်းတာ

လူမှုကွန်ယက်မှာတင်ပြီး ခံစားချက်တွေပေါက်ကွဲတာဟာ မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ တကယ့်စုံတွဲတွေဟာ အပြင်မှာမျက်နှာချင်းဆိုင်ပြီး တူတူဖြေရှင်းတတ်ကြပါတယ်။

၄) ဘယ်အရာကတကယ့်ပျော်ရွှင်မှုလဲ

ဓာတ်ပုံတွေတင်ပြီး သူငယ်ချင်းရဲ့အားကျမှုတွေ၊ Likeတွေ၊ Commentတွေကလား၊ အပြင်မှာတကယ်တွေ့ပြီး လက်တွေ့ကျကျ လူတိုင်းအားကျခံရတဲ့ စုံတွဲလား၊ ကွားခြားချက်ကြီးကြီးမားမားရှိပါတယ်။

၅) လူမှုကွန်ယက်ပဲအားထားနေတာ

Facebook၊ Twitter၊ Instagramတွေဟာ သင့်ရဲ့ဘဝမဟုတ်တဲ့အတွက် သင့်ချစ်သူနဲ့လဲ ဒီပေါ်မှာပဲအချိန်ကုန်နေစရာမလိုပါဘူး။ အပြင်ကအချိန်လေးတွေကိုသာ လက်တွေ့ကျကျတန်ဖိုးထားရင် ပျော်ရွှင်စရာအကောင်းဆုံး ချစ်သူစုံတွဲဖြစ်လာမှာပါ။

Source : EliteReaders

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။