ရုပ်ရှင်နဲ့ ဗီဒီယို ဟာသသရုပ်ဆောင် ဦးခင်လှိုင်ဟာ အုန်းနို့ခေါက်ဆွဲ စတုဒီသာ အလှူပြုလုပ်မယ်လို့ သိရပါတယ်..။ မနက်ဖြန် နိုဝင်ဘာ(၂)ရက်နေ့မှာ ကျွေးမွေးလှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်..။ ဦးခင်လှိုင်တို့ရဲ့ နေအိမ် သုဝဏ္ဏ ပေါ်ဆန်(၁)လမ်း၊ အိမ်အမှတ်(၁၃/၆) နေအိမ် အရှေ့မှာ နေ့လည် (၁၁)နာရီမှာ စပြီး ကျွေးမွေးလှူဒါန်းမှာ ဖြစ်ပါတယ်..။ အုန်းနို့ခေါက်ဆွဲအပြင် Ve Ve အချိုရည်များလည်း လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်..။ သူ့ရဲ့ အလှူလေးကို လာရောက်စားသုံးဖို့အတွက် ဦးခင်လှိုင်က ပရိသတ်များကိုလည်း ဖိတ်ကြားထားပါတယ်..။

အများကြီး ချက်ထားပြီး လာရောက်စားသုံးဖို့အတွက် ဦးခင်လှိုင်က သူ့ရဲ့ fb စာမျက်နှာမှ တစ်ဆင့် ပရိသတ်များကို ဖိတ်ကြားထားတာ တွေ့ရပါတယ်..။ “မနက်ဖြန်နေ့လည်၁၁နာရီမှာကျွန်တော်တို့ရဲ့သုဝဏ္ဏ ပေါ်ဆန်း(၁)လမ်းရဲ့အမှတ်၁၃/၆ အိမ်ရှေ့မှာ အုန်းနို့ခေါက်ဆွဲစတုဒီသာကျွေးမှာဖြစ်ပါတယ်...။ Ve Ve မှလည်း အချိုရည်ဗူးများ ပါဝင်လှူဒါန်းပေးပါတယ်... ၁၁နာရီမှစပြီး အဝလာစားလို့ရပါတယ် အများကြီးချက်ထားပါတယ်...အားလုံးကိုဖိတ်ပါတယ်... Ve Ve အချိုရည်များလှူဒါန်းပေးပါသော ကိုရွှေမန်း Wai Minn Maung နှင့် Ve Ve မိသားစုကိုလည်းကျေးဇူးတင်ပါတယ်...” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ပြည်သူ့အချစ်တော် ဟာသ မင်းသားကြီးလို့ ချစ်စနိုးခေါ်တဲ့ ပရိသတ်အချစ်တော် ဦးခင်လှိုင်ဟာ ပရိသတ်တွေရဲ့ ရင်ထဲက အကယ်ဒမီ ဟာသမင်းသား တစ်ယောက်လည်း ဖြစ်ပါတယ်..။ ရယ်စရာ ဟာသ ပီပြင်တဲ့ ဟန်ပန် အမှုအရာတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။ ဟာသဇာတ်ရုပ်တွေမှာသာမက ဇာတိကြမ်းတွေနဲ့ ကျရာဇာတ်ရုပ်တွေမှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်..။ လတ်တလောမှာလည်း ဗီဒီယို ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။ သူပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ “မယားကြောက်ရွာ” ဟာသ ရုပ်ရှင်ကြီးဟာလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။