အောက်တိုဘာ ၃၁ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ်တွင် ထရန်စဖော်မာ တစ်လုံးပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ထိုပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ မြင့်တတ်လျက်ရှိနေပြီး နိုဝင်ဘာ ၁ ရက်နေ့မှာတော့ သေဆုံးသူ ၁၄ ဦးထိရှိလာတာလည်းဖြစ်ပါတယ်။ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၇ ဦးကိုတော့ ဆေးရုံမှာ ဆေးကုသလျက်ရှိနေတယ်လို့ သိရပါတယ်။ 

အောက်တိုဘာ၃၁ ရက်နေ့ က ရာဂျာစတန်ပြည်နယ် ဆာပူရာမြို့ရှိ ခတ်လိုအီ ဆိုတဲ့ ရွာမှာ ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။တာဝန်ရှိသူများရဲ့ ပြောကြားချက်များအရ မင်္ဂလာဆောင်တစ်ခုအတွက် ထရန်စဖော်မာအား တပ်ဆင်နေစဉ် ယခုလို ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။မင်္ဂလာဆောင်ပွဲအတွက် လိုအပ်တာတွေပြင်ဆင်ကာ အခင်းအကျင်းများကို နေအိမ်အတွင်းပြင်ဆင်နေတဲ့ အချိန် ညနေ ၃ နာရီခွဲလောက်မှ ထရန်စဖော်မာပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြောကြားချက်များအရသိရပါတယ်။

စတင်ပေါက်ကွဲခဲ့တဲ့အချိန်မှာ လူ ၄ ဦး အခင်းဖြစ်ပွားရာနေရာမှာတင်သေဆုံးခဲ့ပြီး ၁၇ ဦးကတော့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ဒဏ်ရာရရှိသူတွေကို ချက်ချင်းဆေးရုံးသို့ပို့ဆောင်ခဲ့ပေမဲ့ ၁၀ ယောက်ကတော့ ညဘက်မှာပဲ သေဆုံးခဲ့ရတာကြောင့် သေဆုံးသူ ၁၄ ဦးထိရှိလာခဲ့တာလည်းဖြစ်ပါတယ်။ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းအတိအကျကိုတော့ ယခုထိ မသိရှိသေးတာလည်းဖြစ်ပါတယ်။ 

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။