အနုပညာလမ်းကြောင်းပေါ်မှာ သူ့အပိုင်းနဲ့သူအောင်မြင်ကျော်ကြားနေတဲ့ ထပ်ဆင့် အကယ် ဒမီနေတိုး အဆိုတော်ရွှေထူးနဲ့ Miss Universe Myanmar (မယ်စကြာဝဠာမြန်မာ) ဆုကိုရ ရှိပိုင်ဆိုင်ခဲ့သူ မိုးစက်ဝိုင်တို့က ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ ဒါရိုက်တာက တော့ သားညီဖြစ်ပြီး 7 Scense Film Production ကနေ ထုတ်လုပ်ဖြန့်ချီသွား မှာပဲဖြစ်ပါ တယ်။ Drama ကားဖြစ်ပြီး အမိုက်စားရိုက်ချက်တွေနဲ့ အပြင်းစားသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

“ ပက်ပက်စက်စက်ညို့ ” ဇာတ်ကားဟာ အဆိုတော်ရွှေထူးနဲ့ Miss မိုးစက်ဝိုင်တို့ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး နှစ်ယောက်လုံးကလည်း အကောင်းဆုံးကြိုးစားထားကြတယ် လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ နေတိုးလည်း ပါဝင်အားဖြည့် သရုပ် ဆောင်ထားတာမို့ တကယ်မိုက်တဲ့ဇာတ်လမ်းဖြစ်မှာသေချာပါတယ်။ မကြာမှီ လည်းရုံတင် ပြသတော့မှာဖြစ်လို့ ပရိတ်သတ်ကြီး မလွတ်တမ်းအားပေးလိုက်ပါဦးနော်။

“ မိုးစက်ရဲ့အပြင်နေထိုင်မှုပုံနဲ့ လုံးဝမတူတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်သရုပ်ဆောင်ထားလို့ ကိုယ်တိုင်ရင်အရမ်းခုန်ပါတယ် လက်ရှိဘဝအနေအထားမှာ လုံးဝမတွေ့နိုင်မယ့် ဝတ်စား နေထိုင်မှုတွေကို သရုပ်ဆောင်ရတဲ့အတွက် ကိုယ်တိုင်ပြန်ကြည့် ရမှာထူးဆန်း နေတဲ့ ဖီ လင်မျိုးနဲ့ အားလုံးဝေဖန်အားပေးကြပါဦးလို့ အားပေးတာတော့ ပိုများပါစေနော် ” ဆိုပြီး မိုးစက် ဝိုင်က သူမရဲ့ Page မှာတင်ထားပါတယ်။ Trailer မကြည့်ရသေးတဲ့ ပရိတ်သတ်ကြီးအတွက် လဲ အဆုံးမှာ Trailer လေးထည့်ပေးထားတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။