မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု D မှာ အိုလံပီယာကော့ အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အိုလံပီယာကော့အသင်းကတော့ အုပ်စုပွဲစဉ် ၄ ပွဲကစားထားပြီးချိန်မှာ ၁ မှတ်စတင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ အုပ်စု ၄ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၁၀ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ က ဂျူဗင်တပ်အသင်း နဲ့ ၃ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ 

အိုလံပီယာကော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖော်တိုနစ်၊ ဂွန်ဇာလက်၊ ရိုမီယူ၊ အိုဖို၊ ဖီဂွာရက်စ်၊ တက်စီဒစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆွာရက်၊ မက်ဆီ၊ ဘက်စကွက်၊ ပေါ်လင်ဟို၊ ရော်ဘတ်တို၊ ဂျော်ဒီအယ်ဘာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ သူတို့အသင်းပုံစံအတိုင်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအာပေးတိုက်စစ်ဆင်ခဲ့ပေမဲ့ အနိုင်ဂိုးတော့ ရယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်

အိုလံပီယာကော့အသင်းကတော့ တစ်သင်းလုံးခံစစ်မှာသာ အချိန်ကုန်ခဲ့ရတာဖြစ်ပြီး ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်မှု တစ်ကြိမ်သာရှိခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ရာကီတစ်၊ ဒယ်လူဖူ၊ အန်ဒရီဂိုးမက် တို့ကို ထည့်သွင်းအသုံးပြုခဲ့ပေမဲ့ အိုလံပီယာကော့အသင်းရဲ့ ခံစစ်က အကောင်းဆုံးဖြတ်ထုတ်မှုတွေပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man of the match ကိုတော့ မက်ဆီက ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။