ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဟာ နေမကောင်းလို့ ဆေးခန်းသွားပြတာ ဆရာဝန်ကြောင့် ခေါင်းပါမူးသွားခဲ့တယ်လို့ ဆိုပါတယ်..။ ဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က နေမကောင်းဖြစ်လို့ နာမည်ကြီး ဆေးရုံတစ်ခုကို သွားရောက်ပြသရာ ဆရာဝန်ကြောင့် အံ့သြပြီး ခေါင်းပါပိုမူးသွားခဲ့တယ်လို့ သူမက ဆိုပါတယ်..။ အဲ့ဒီအကြောင်းကို နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ဒီနေ့ Fb တစ်ခွင်ပြဲပြဲစင် လူတွေ လှလှပပလေးတွေ ဝတ်စားပြင်ဆင်ပြီး အပြင်တွေ အလှူ တွေ မင်္ဂလာဆောင်တွေ သွားလာနေလိုက်ကြတာ။ ငါလဲ သွားရပါတယ်။ နေမကောင်းပါဘူးဆိုမှ အသံသွင်းဖို့လှမ်းခေါ်တော့လဲ လေးလေးပင်ပင် စုတ်တီးစုတ်ပဲ့လေးနဲ့ ထွက်လာခဲ့လိုက်တယ်။ အသံသွင်းနေတုန်း အဖျားတွေတက် ခေါင်းတွေထိုးကိုက် ကိုယ်တွေလက်တွေ ကိုင်ရိုက်ခံထားရသလို လည်ချောင်းကလဲ တွံတွေးတောင်မြိုချလို့မရအောင် နာနေပြန်တယ်။ နှာကလဲတချီချီနဲ့။ ပြန်လာတော့ လုံးဝမဟန်တော့လို့ ဆေးခန်းလိုက်ရှာတာ ရပ်ကွက်ထဲက ဆေးခန်းတွေက ညနေစောင်းမှ ဖွင့်တာဆိုတော့ နာမည်ကြီးဆေးရုံကို သွားလိုက်ရတယ်။ ဆရာက ဝင်ဝင်လာချင်း ဘာဖြစ်တာလဲတဲ့။ ကိုယ်လဲပြည့်ပြည့်စုံစုံ ပြောပြပါတယ်။ ကိုယ်တွေပူတယ်။ ကိုယ်ထဲကချမ်းတယ်။ လည်ချောင်းနာတယ်။ နှာချေတယ်။ ခေါင်းတွေကိုက်တယ်။ ဇက်ကြောတွေထိုးတယ်။ အဆိုးဆုံးကတော့ ခါးကနေ အောက်ပိုင်း၁ခုလုံး ခဲအိတ်တွေသဲအိတ်တွေ ဖိထားသလို လေးပြီးကိုက်ခဲနေတယ်လို့။ အဖော်ပါလားဆိုတော့ ဘာအဖော်လဲဆရာလို့။ သြော် အိမ်ကအဖော်တွေဘာတွေ မပါဘူးလားတဲ့။ ဘာနဲ့လာလဲ taxi နဲ့ဆရာ။ ဘာစားထားလဲ။ ဘာဆေးသောက်ထားလဲ။ စုံနေတာပဲမေးတာ။ ဆရာ ဆေးထိုးပေးပါလားလို့ပြောတော့ မထိုးပါဘူးတဲ့။ ဆေးတွေပေးမယ် အရမ်းကောင်းလို့ သက်သာသွားမှာပါတဲ့။ သူချရေးပေးတယ် ဘိုင်အိုဂျက်ဆစ်။ ဟင် အဲဒါ ငါ့အိမ်မှာတောင် ရှိတာပဲ။ ငါတောင် သောက်ခဲ့သေးတယ်လို့ စိတ်ထဲမှာပါ။ လည်ချောင်းနာတာ mybacin သြော် အဲဒါလဲ ငါ့အိတ်ထဲပါသားဟ။

ပြီးတော့ ကိုက်တာခuuဲတာအတွက် အကိုက်ခဲပျောက်ဆေး ညဘက်နှာစေးရင်သောက်ဖို့ ဆေး၁လုံး ဒါပဲတော့။ သိဘူးလေ ဆေးတွေက အရမ်းကောင်းတယ်ဆိုတော့ ငါများမသိတဲ့ ဆေးတွေလားလို့ပေါ့။ ဆေးခန်းသွားပြတာ ပိုတောင်ခေါင်းမူးသွားတယ်။ ပြီးတော့ ငါလေးက ဆရာ သမီးခလေးက မနေ့ကမှ အဖျားပျောက်တာ သူပြန်ကူးနိုင်လားလို့မေးတာ သြော် ယောက်င်္ကျားရှိလားတဲ့။ မရှိဘူးဆရာရေ ခလေးက လေဥဥပြီးမွေးတာ စိတ်ထဲကပါ အပြင်မှာ မပြောရဲပါပု။ ခု နေပူကြီးထဲ ဘယ်ကပြန်လာတာလဲတဲ့။ အသံသွားသွင်းတာပါဆရာဆိုတော့ ညဉ်းက သရုပ်ဆောင် မဟုတ်ဘူးလားတဲ့။ အဆိုတော်လဲ လုပ်တာလားဆိုတော့ မဟုတ်ဘူးဆရာ။ သမီးတို့ ရုပ်ရှင်ရိုက်တော့ စကားပြောရတယ်လေ။ အဲဒါ အသံတွေဖမ်းတာ မသဲကွဲဘူးဆိုလို့ ရုပ်ကြည့်ပြီး စကားသွားပြန်ပြောပေးရတာ စိတ်ရှည်တယ်နော်။ အပြင်ကလူသာဆို သိတယ်မလား စမီးအကြောင်း။ အမယ် ဆိုးတော့မဆိုးဘူး။ ကပ္ပလီမရုပ်နဲ့ ငါလေးကို သရုပ်ဆောင်လုပ်မှန်း သူသိတယ်တော့လို့။ ခုတော့ သူပေးတဲ့ ဆေးလေးကိုသောက်ပြီး သူ့အတင်းတွေ ထိုင်ရေးနေတာ။ ပြီးရင်တော့ ရပ်ကွက်ထဲက ဆရာဝန်မနဲ့ ဆေးသွားကို ထိုးမယ်။ အဖျား က ၁၀၂ံတဲ့။ သွေးပေါင်ချိန်တာ ၁၃၀ ၈၀ ဆိုလားပဲ။ ဘဝသမားတွေမို့ ဒီနေ့ မပျောက်ပျောက်အောင် ကုသပြီး မနက်ဖြန် ချောကလက်မှိုတက်ရုပ်နဲ့ သရုပ်သွားဆောင် ပေးရအုံးမယ်ပေါ့နော် ” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။