အဖြူအစိမ်း ကျောင်းစိမ်းဝတ်စုံကို ပြစ်ဒဏ်ပေးဝတ်စုံအနေနဲ့ ဝတ်ဆင်စေတယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ ကိုယ်ပိုင်ကျောင်းတစ်ခု

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သင်္ကေတဟာ အဖြူနဲ့အစိမ်း လို့ပြောလို့တောင် ရပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကျောင်းဝတ်စုံဟာ အဖြူအစိမ်း ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့တွေ ငယ်စဉ်ကတည်းက တမြတ်တနိုးဝတ်ဆင်လာတဲ့ အဖြူအစိမ်း ဝတ်စုံလေးတွေ အခု ဘယ်လိုတွေဖြစ်နေပြီလဲ။ ပြီးခဲ့တဲ့ ရက်လောက်က လူမှုကွန်ယက်ပေါ်မှာ မန္တလေးက ကိုယ်ပိုင်ကျောင်းတစ်ခုမှာ အဖြူအစိမ်းဝတ်စုံကို အပြစ်လုပ်ထားတဲ့ကျောင်းသူကျောင်းသားတွေအတွက် သီးသန့်ဝတ်ဆင်ခိုင်းတဲ့ ပြစ်ဒဏ်ပေးဝတ်စုံအဖြစ် ဝတ်ဆင်စေတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ ပြည်သူလူထုကြားမှာတော့ ဒါဟာ မဖြစ်သင့်တဲ့ မဖြစ်ထိုက်တဲ့ ကိစ္စဆိုပြီး ပြစ်တင်ဝေဖန် မှုတွေ ပေါ်ထွက်လာပါတယ်။ 

ကသာညီ အမည်ရ ဖေ့စဘုတ်သုံးစွဲသူတစ်ဦးက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဝေဖန်အကြံပြုရေးသားရာမှ လူအများအာရုံစိုက်လာပြီး ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ အကြုံပြုရေးချက်က

" ကျနော်တို့

တန်ဖိုးထားဝတ်ဆင်ခဲ့ကြသော

အဖြူအစိမ်းကျောင်းဝတ်စုံဟာ

ကိုယ်ပိုင်ကျောင်းတစ်ခုအတွက်

အပြစ်ပေးဝတ်စုံ ဖြစ်နေပြီလား ... ?

အစ်မတစ်ယောက်

CBကနေလာပြောလို့ ပထမတော့

မဖြစ်နိုင်လောက်ဘူး ထင်ခဲ့တာပါ

ပုံတွေနဲ့တစ်ကွ ထပ်ပြလာပြီး

အခုချိန်ထိ ထိုကဲ့သို့ အပြစ်ပေးနေတုန်းပဲဆ်ိုတော့

တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ပါတယ် ...

သေချာရှင်းပြရရင်

မန္တလေးမြို့ နန်းရှေ့မှာရှိတဲ့

ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုဟာ

ကျောင်းသား/ကျောင်းသူများ

ကြီးမားတဲ့ပြစ်ဒဏ်ကျူးလွန်ခဲ့ရင်

( ဥပမာ ခွင့်မဲ့ပျက်ရင်၊ ရန်ဖြစ် ) စတဲ့ကိစ္စများ

ကျူးလွန်ခဲ့ရင် ကျူးလွန်မိတဲ့ ကျောင်းသူ/သားဟာ

ကျောင်းရဲ့ ကိုယ်ပိုင်ဝတ်စုံဖြစ်တဲ့

အဖြူ အပြာကို ဝတ်ခွင့်မရတော့ပဲ

အစိုးရကျောင်းများဝတ်ဆင်တဲ့ အဖြူအစိမ်းကို

အပြစ်ပေးတဲ့ အနေနဲ့ ဝတ်ဆင်ရပါတယ် ...

ပြစ်ဒဏ်ပေးတဲ့နေရာမှာ

ရက်သတ်မှတ်ချက် မရှိပဲ တောက်လျှောက်

အဖြူအစိမ်း ဝတ်ဆင်ရပြီး သူတို့ပြောင်းဝတ်ဆိုမှ

အဖြူ အပြာ ပြန်ပြီးဝတ်ဆင်ခွင့်ရတာပါ

တစ်ချို့ကျောင်းသားတွေဆိုရင်

သုံးလလောက်ရှိပြီဖြစ်ပေမယ့်

အခုချိန်ထိ အဖြူအစိမ်းနဲ့ ကျောင်းတက်နေရပြီး

ပြစ်ဒဏ်ပေးခံနေရတုန်းပါ ...

ပြောချင်တာက

အဖြူ အစိမ်းဆိုတာ

ဟိုအရင်ကတည်းကစလို့ အခုချိန်ထိ

အစိုးရကျောင်းများမှာ ကျောင်းသူ/သားများသာမက

ဆရာ/ ဆရာမ များကိုယ်တိုင်တန်ဖိုးထား

ဝတ်ဆင်နေကြတာပါ ...

ဒီလို တစ်နိုင်ငံလုံး

တန်ဖိုးထားဝတ်ဆင်နေကြတဲ့

အဖြူ အစိမ်းဟာကိုယ်ပိုင်အထက်တန်းကျောင်း

တစ်ခုအတွက် အပြစ်ပေးခံရတဲ့ ကလေးတွေ

ဝတ်ဆင်ရတဲ့ ဝတ်စုံ ဖြစ်သင့်ပါသလား ... ?

ကျနော်အနေနဲ့တော့

အဆိုပါ အပြစ်ပေးတဲ့ပုံစံကို

ပြင်းထန်စွာရှုံ့ချပါတယ် ..

အဆိုပါ အပြစ်ပေးတဲ့ပုံစံကို ချက်ချင်းရပ်ဖို့

အစ်ိုးရကျောင်းများမှာ တက်ရောက်သင်ကြားနေတဲ့

ဆရာ/မ များ ကျောင်းသူ/သားများ ကိုယ်စား

တောင်းဆိုပါရစေ ...

( ငယ်ငယ်က ဝတ်ဆင်ခဲ့တဲ့အဖြူအစိမ်း

ဝတ်စုံလေးကို တန်ဖိုးထားသော အနေနဲ့ဖြင့်

share ပေးစေချင်ပါတယ်ဗျာ )

#Ka_Thar_Nyi"

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်းမြန်မာကိုယ်ပိုင်ကျောင်းရဲ့ ကျောင်းအုပ် ဦးရဲမင်းစိုးကတော့ ကျောင်းရဲ့စည်းကမ်းတွေနဲ့ပတ်သတ်ပြီး အသေးစိတ်ရှင်းပြကာ ပြန်လည်ဖြေရှင်းထားတာလည်း တွေ့ရပါတယ်။

"

လေးစားအပ်ပါသောမိတ်ဆွေများ မင်္ဂလာပါ

၁-အယူအဆလွဲမှားမှုများ

.မင်းမြန်မာ (ကပက)သည် အဖြူအစိမ်း ကျောင်းဝတ်စုံကိုမြတ်နိုးပါသည်။

.ကျောင်းအုပ်ဆရာကြီးနှင့်သင်ကြားရေးဆရာကြီးများအားလုံးသည် စတစ်ကော်လာအဖြူအကျႌကိုနေ့စဉ် နှစ်ခြိုက် မြတ်နိုးစွာဝတ်ဆင်ကြသည်။

..အတန်းပိုင်ဆရာများအားလုံးသည်အဖြူအစိမ်းကိုဂုဏ်ယူစွာဝတ်ဆင်ကြသည်။

.ယခုတင်ထားသည့် post account ပိုင်ရှင်သည်အထက်ပါအကြောင်းအရာများကိုသိထားပုံမပေါ်ပါ။

.၂ အပြစ်ပေးအရေးယူခြင်းရိုက်နှက်အပြစ်ပေးခြင်း သည်ကလေး၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းကိုထိခိုက်မည်စိုးရိမ်သောကြောင့်မကျင့်သုံးပါ။

.ခိုက်ရန်ဖြစ်ပွားခြင်း တက်တူးထိုးခြင်း များပြုမူလျှင်ကျောင်းမှထုတ်ပယ်သည်အထိအရေးယူမည်ဟု ကျောင်းအပ်ပုံစံထဲတွင် လက်မှတ်ထိုးဝန်ခံကတိရေးထိုးရသည်။

.သို့သော်လက်တွေ့တွင်မိဘနှင့်ကလေးကို ညှာတာထောက်ထားပြီးခံဝန်ကတိမှတ်တမ်း ရေးထိုးပြီးအကြိမ်ကြိမ်နားလည်ခွင့်လွှတ်ပေးခဲ့ပါသည်။

၃-ထင်ယောင်ထင်မှားဖြစ်အောင် post တင်ခြင်း

.ယခုဖြစ်စဉ်တွင် ကလေးသည် တက်တူးထိုးလာပါသည်။

.ကျောင်းမှသတိပေးပြီးနောက်တကြိမ်ထိုသို့ မပြုမူရန်ဆိုဆုံးမပါသည်။ကျောင်းမထုတ်ပါ၊ တက်တူးအရုပ်သည်အများမြင်သာသည့်လက် မောင်းတွင်ရှိနေသောကြောင့်စတစ်ကော်လာအ ဖြူလက်ရှည်ကိုဝတ်ဆင်ပေးထားပါသည်။

.အတန်းပိုင်ဆရာများအားလုံးသည် လုံခြည်စိမ်း များသာဝတ်ဆင်သောကြောင့်ကလေးကိုလည်း ထိုသို့ဆင်မြန်းပေးခြင်းဖြစ်ပါသည်။

.ထိုကလေးများသည် စိတ်ဓာတ်ကျဖို့နေနေသာသာကျောင်းလုပ်ငန်း များကိုပူးပေါင်းဆောင်ရွက်ခြင်း ၎င်း

တို့အပြစ်ကိုကျောင်းမှသက်ညှာပေးသည့် အတွက်ကျောင်းအပေါ်ချစ်ခင်လေးစားမှုပိုမို နက်ရှိုင်းလာပြီး ကျောင်းအားကစားပြိုင်ပွဲများ အထိပူးပေါင်းပါဝင်လာသည်ကိုတွေ့မြင်ရပါ သည်။

၄.ကျွန်တော်တို့အားလုံး ့ပြောင်းလဲရန်အသင့်ပါ။မူလpostပိုင်ရှင်၊ထိုပိုင်ရှင်နှင်ဆက်နွယ်သည့်သတင်းထောက်များ၊

facebookမိတ်ဆွေများအားလုံး၏ လိုလားချက်များကိုပြောင်းလဲရန်ကျွန်တော်တို့အားလုံးအသင့်ရှိပါသည်။

၅့သတင်းအမှန်ဖြစ်ရန်လိုအပ်ခြင်းpostထဲတွင်

သမီးငယ်တစ်ယောက်အဖြူအစိမ်းဝတ်ဆင်ထားသည်ကိုတွေ့ရပါသည်။

.ထိုသမီးငယ်သည် အပြင်ကျောင်းမှဖြစ်ပြီး မိဘနှင့်အတူကျောင်းကြိုလာသူဖြစ်ပါသည်။

.မင်းမြန်မာ(ကပက)မှကျောင်းသူသမီးငယ်များ သည်ကျောင်းစာသင်နှစ်အစမှယခုအချိန်ထိ ထိုကဲ့သို့ဝတ်ဆင်ခြင်းလုံးဝ(လုံးဝ)မရှိခဲ့ပါ။

.ခွင့်မဲ့ပျက်ကွက်ခြင်းနှင့်ဆိုင်ကယ်ဦးထုပ်မဆောင်း လျှင် အဖြူအစိမ်းဝတ်ဆင်ခြင်းနှင့်ကျောင်းမှထုတ်ပယ် ခြင်းကိစ္စများသည် လုံးဝ မရှိခဲ့ပါ။

--post ထဲတွင်ကလေးများကိုထောင်ဝင်စာကဲ့သို့ အနည်းငယ်သာကျွေးမွေးသည်ဟုဆိုထားပါသည် ။

.မင်းမြန်မာ၏ အနှစ် ၂၅ နှစ်လျှောက်လှမ်းခဲ့သည့် ပညာရေးခရီးတွင် ယနေ့အချိန်ထိ ကျောင်းအိပ်ကျောင်းစားဘော်ဒါ လုံးဝ(လုံးဝ)မ ဖွင့်လှစ်ခဲ့ပါ။

၆.ဆုမွန်ကောင်းပို့သပေးခြင်း

.post ပိုင်ရှင်နှင့်facebook မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကြည်လင်ချမ်းမြေ့နိုင်ကြပါစေ။"

အချိန်နဲ့တပြေးညီ သတင်းတွေကို ပြန်လည်ဝေမျှပေးသွားမယ့်အတွက် စောင့်မျှော်ဖတ်ရှုကြပါဦး ပရိသတ်ကြီးရေ ………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။