သာမန်လူအတွက်ဖက်ရှင်ဆိုတာ လိုအပ်သလို ဖန်သားပြင်ပေါ် တစ်နိုင်ငံလုံးရဲ့ ကြည့်ရှုအာရုံစိုက်ခံရတဲ့ အနုပညာရှင်တွေမှာဆိုရင်တော့ ဖက်ရှင်က ပိုပြီးတော့တောင် အရေးပါပါသေးတယ်။

ကိုယ်နှစ်သက်တဲ့ အနုပညာရှင်ီ နဲ့ပတ်သက်ပြီး သူတို့ရဲ့ Lifestyle နဲ့ အဝတ်အစားဖက်ရှင်က ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာတစ်ခုပါပဲ။

ကိုယ်လုပ်နေတဲ့ အလုပ်အနေထားပေါ်မူတည်ပြီး အဝတ်စားကိုလန်းအောင်ဝတ်ရပေမယ့် လုံလုံခြုံခြံုလေး ၀တ်လည်း ဖက်ရှင်ကျကျလှနေတတ်တဲ့ သူလေးတွေရှိပါတယ်။

သူတို့ကတော့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ပါပဲ။ သူမကတော့ ဖက်ရှင်ပိုင်းမှာ ဘုရင်မတစ်ဆူလို့ တင်စားခံရထားသလို မရိုင်းတဲ့အဝတ်အစားဆင်ယင်မှုတွေနဲ့အတူ နာမည်ကြီးနေပါတယ်။

ချစ်သက်လို့ ပရိသတ်အများစုခေါ်ကြတဲ့ အကယ်ဒမီ သက်မွန်မြင့်ဟာလည်း ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်ဖြစ်ပေမယ့် ဖက်ရှင်နဲ့ပတ်သက်ပြီး ပရိသတ်တွေပြောစရာမဖြစ်အောင်ကို သိုသိုသိပ်သိပ် လုံလုံခြုံခြုံလေးနဲ့လှအောင် ၀တ်စားတတ်သူဖြစ်ပါတယ်။

နောက်ထပ် ပရိသတ်အချစ်တော်တစ်ဦးကတော့ ကလေးသရုပ်ဆောင် ယွန်းယွန်းပါ..။ ငယ်ဘဝထဲက ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးခဲ့ရပြီး အကယ်ဒမီရရှိထားတဲ့ ယွန်းယွန်းဟာ လက်ရှိမှာ ဆယ်ကျော်သက်အရွယ်တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်နေပေမယ့် ခေတ်လူငယ်ပီပီ လျှပ်ပေါ်လော်လီ အဝတ်စားတွေ မဝတ်တတ်သလို မရိုးမဆန်းဖက်ရှင်လေးတွေကိုပဲ ချစ်စရာကောင်းအောင် ၀တ်ဆင်တတ်သူပါ။ သူမ ရဲ့ဖက်ရှင်လေးတွေကတော့ လူငယ်ပရိသတ်တွေအကြိုက် မျက်စိကျခြင်းခံရနေပါတယ်။

အကယ်ဒမီလွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးလေးကလည်း ပရိသတ်အများဆုံး ဆယ်ကျော်သက်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမရဲ့ ရိုးရှင်းတဲ့မျက်နှာလေးနဲ့ နေရာဒေသလိုက် လိုက်ဖက်အောင်ဝတ်ဆင်ရာမှာလည်း အတိုအပြတ်တွေဝတ်ခဲပါတယ်။ နိုင်ငံခြားသူကပြားမလေးနဲ့တူတဲ့ ယွန်းရဲ့ ဖက်ရှင်လေးတွေကတော့ အမြင်မရိုင်းပဲ ဆွဲဆောင်မှုရှိနေပါတယ်။ 

လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ပရိသတ်အချစ်တွေရရှိထားတဲ့သူနောက်ထပ်မိန်းမချောလေးကတော့ ဂရေဟမ်ရဲ့ သမီး တက်သစ်စအဆိုတော်မလေး ပ န်းရောင်ခြယ်ပါ။

သူမဟာ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီး ဖခင်ဖြစ်သူနဲ့လည်း သီချင်းခွေလေးအတူတူထွက်ရှိထားပါတယ်။

သွက်လက်ပြီးချစ်စရာကောင်းပေမယ့် ဖက်ရှင်ပိုင်းမှာ ချစ်စရာအသွင်လေးနဲ့ ဆံကေသာအရှည်ကြီးကြောင့် ကောင်လေးတွေသဲသဲလှုပ်ဇြစ်ရသူပါ။

ကဲ ဘယ်သူ့ကိုအချစ်ဆုံးလဲပရိသတ်ကြီး။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။