မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု H ပွဲစဉ်မှာစပါးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့တိုက်စစ်မှုဟယ်ရီကိန်း ပြန်လည်ပါဝင်လာမှုနဲ့အတူ နိုင်ပွဲရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၁၀ မှတ်ရရှိကာ အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၂ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

စပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ အလီ၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဟယ်ရီဝင့်ခ်၊ ထရစ်ပါ၊ ဒေးဗစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဘန်ဇီမာ၊ အစ္စကို၊ တိုနီကရူး၊ မိုဒရစ်၊ ကတ်စမဲရိုး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းကတော့ အုပ်စုအဆင့် ကနေနောက်တဆင့်တတ်မြောက်သွားဖို့ အခြေနေကောင်းတစ်ရပ် ပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

စပါးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၇ မိနစ်မှာ အလီ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိ စပါးအသင်း တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်း ၅၆ မိနစ်မှာတော့ အလီ ကပဲ စပါးအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။စပါးအသင်းအတွက် ၃ ဂိုးမြောက်ဂိုးကိုတော့ အဲရစ်ဆင်က ၆၅ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ စီရော်နယ်ဒိုက မိနစ် ၈၀ မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။