ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော် အောင်လတို့ စုံတွဲဟာ ကလောမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။ အောင်လနဲ့ ဝိုင်းစုတို့ ချစ်သူနှစ်ယောက်ဟာ လတ်တလောမှာ ခရီးတွေ ဆက်တိုက်သွားရောက်နေတာဖြစ်ပြီး မကြာသေးခင်ကလည်း ကော့သောင်းမြို့ကို သွားရောက်ခဲ့ပါသေးတယ်..။ သူမတို့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်ကို အမြဲဝေမျှလေ့ရှိတာလည်း တွေ့ရပါတယ်..။ သူမတို့ရဲ့ ခရီးသွား ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်မှ တဆင့် ပြန်လည် မျှဝေလေ့ရှိပါတယ်..။

ကလောရောက်ရှိနေပြီး အောင်လရဲ့ fb မှာ ခရီးသွားဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်..။ နိုဝင်ဘာ(၁)ရက်နေ့မှာတော့ အောင်လက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “ဒီနေ့တော့ ကလောမှာရှိတဲ့ ရေအေးကန်ကို သွားနေတယ်” လို့ ရေးသားထားပြီး ခရီးသွားပုံရိပ် ဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်..။ ဓာတ်ပုံတွေထဲမှာတော့ သူမတို့ ချစ်သူနှစ်ဦးဟာ အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်..။ ဝိုင်းစုဟာ လာမယ့် ဒီဇင်ဘာ(၂၄)ရက်နေ့ သူမရဲ့ မွေးနေ့ရက်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်..။

ဝိုင်းစုကတော့ တေးသီချင်းကောင်းလေးတွေ သီဆိုပြီး ပရိသတ် ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။ လတ်တလောမှာတော့ ရှိုးပွဲတွေ သီဆိုဖျော်ဖြေနေပြီး အခမ်းအနားပွဲများတတ်ရောက်နေခြင်းနှင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်..။အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း အခုဆိုရင်တော့ အချစ်ရေးဟာ အေးအေးဆေးဆေးဖြစ်နေပြီး ပရိသတ်တွေကတော့ အားကျလို့ နေပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။