ရုပ်ရှင်သရုပ်ဆောင် မင်းသားချောဖြစ်တဲ့ မင်းမော်ကွန်းဟာ ယနေ့ နိုဝင်ဘာ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောင်ဘာလေထီမှာ ထီဆုပေါက်ခဲ့တယ်လို့ သိရပါတယ်..။ ဒီနေ့ထွက်ရှိတဲ့ အောင်ဘာလေထီဟာ (၈)ကြိမ်မြောက် အောင်ဘာလေထီဖြစ်တယ်လို့ သိရပါတယ်…။ အောက်တိုဘာ(၃၁)ရက်နေ့ဟာ မင်းမော်ကွန်းတို့ရဲ့ အိမ်ထောင်သက်တမ်းနှစ်(၂၀)ပြည့်တဲ့နေ့ဖြစ်တယ်လို့ သိရပါတယ်..။ မင်းမော်ကွန်းတို့ ဇနီးမောင်နှံဟာ အောက်တိုဘာ(၃၁)ရက်နေ့မှာ မင်္ဂလာနှစ်ပတ်လည်နေ့အဖြစ် နှစ်ယောက်အတူ ထီထိုးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်.

နှစ်ယောက်အတူ ထီထိုးခဲ့ကြတဲ့ အဲ့ဒီထီလက်မှတ်က (၅)သောင်းဆုကို ပေါက်ခဲ့တာ ဖြစ်ပါတယ်..။ အဲ့ဒီအကြောင်းကို မင်းမော်ကွန်းက သူအသုံးပြုတဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။ ထီပေါက်တဲ့အတွက်လည်း ဝမ်းသာလို့ နေပါတယ်..။ မင်းမော်ကွန်းက သူ့ရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “မနေ့ကအိမ်ထောင်သက်နှစ်နှစ်ဆယ်ပြည့် အမှတ်တရ မိန်းမနဲ့ထီစပ်တူထိုးတယ် ဒီနေ့တကယ်ပေါက်တယ်ဗျို့…..ငါးသောင်းဆု” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

မင်းမော်ကွန်းဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။ လက်ရှိမှာတော့ သားနှစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်တဲ့ ဖခင်တစ်ဦးဖြစ်ပြီး ဇနီးချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ တွေ့ရပါတယ်..။ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့နဲ့ အတူ နှင်းဆီ အဖွဲ့သား တစ်ယောက်လည်း ဖြစ်ပါတယ်..။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ မင်းမော်ကွန်းဟာ အနုပညာလှုပ်ရှားမှုတွေနည်းပါးနေပေမယ့်လည်း သူ့ရဲ့ ပရိသတ်တွေကတော့ ဆက်လက် ချစ်ခင် အားပေးနေဆဲပါပဲ..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။