ရုပ်ရှင် သရုပ်ဆောင် ဂျက်ကီချန်းကို မသိတဲ့ သူတော်တော်ရှားပါလိမ့်မယ်။ ထူးခြားတဲ့ ဇာတ်ရုပ်တွေရယ် အာသွန်ခွန်စိုက် သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ ဇာတ်ကားတွေကြောင့် ပရိသတ်ချစ်တဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ အလှူအတမ်းတွေ လည်း အမြဲ လုပ်ပြီးရက်ရောတဲ့ ဂျက်ကီချန်းဟာ သူ့ရဲ့ ကြိုးစားမှုတွေကြောင့် သူအရချင်ဆုံးဆုကိုရသွားပါပြီ။

ဂျက်ကီချန်းဟာ ကောင်းမွန်တဲ့ မိသားစုက နေကြီးပြင်းဘလာတာမဟုတ်ပါဘူး။ သူ့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ အခတ်အခဲမျိုးဆုံ နှင့် ရင်ဆိုင်ခဲ့ရသလို ဟောလိဝုတ်ကို ရောက်ဖို့ ကြိုးစားခဲ့ရတဲ့ အက်ရှင် မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ ဘယ် အက်ရှင်ကားမဆို လူစားမထိုးဘဲ သူကိုယ်တိုင် သရုပ်ဆောင်ခဲ့တာကြောင့် မကြိုးဘူးတဲ့ အရိုးမရှိသလို မကြာခဏ ဆိုသလို ဂျက်ကီချန်း သေပြီဆိုပြီး သတင်းထွက်လာရအောင် သူရိုက်တဲ့ ရုပ်ရှင်တိုင်းမှာ အသက်စွန့်ပြီးကြိုးစားလာတဲ့သူလဲဖြစ်ပါတယ်။

နှစ် ၅၀ ကျော်အတွင်းမှာ အရည်အသွေးရှိတဲ့ ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးပြီးတဲ့သူဟာ နောက်ဆုံးတော့ အော်စကာ ရခဲ့ပါပြီ။ သူဟာဆိုရင် အော်စကာ ဆုပေးပွဲမှာ ရုပ်ရှင်နယ်ပယ်မှာ ၅၆နှစ်ကြာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးကာ အရိုးတွေကြိုးခဲ့ပြီးနောက် အော်စကာဆုကို ပိုင်ဆိုင်ခဲ့ပြီဆိုပြီးလဲပြောခဲ့ပါတယ်။ ဘာမှ မဟုတ်တဲ့ ဘဝက တတ်လာခဲ့ပြီးတော့ အစွမ်းကုန် အားထုတ်ကြိုးစားမှုကြောင့် သူလိုချင်တဲ့ဆုကိုရသွားတဲ့ ဂျက်ကီချန်းဟာတကယ့်ကို လေးစားစရာပါဘဲနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။