တန်ဆောင်တိုင်ကာလ ခရီးတွေထွက်နေကြတဲ့ ရာသီမှာ ပန်းဖြူတို့ဇနီးမောင်နှံကတော့ မြန်မာပြည်ရဲ့ မောဒိုက် လို့တင်စားကြတဲ့ ညောင်ဦးဖီးကျွန်းကိုရောက်လို့နေပါတယ် ။

ဒီလိုတင်စားရတာကလဲ ကျွန်းလေးက အရမ်းကို လှပလွွန်းလို့ပါ ။

ညောင်ဦးဖီးကျွန်းဆိုတာ သဘာဝတရားတွေကို မပျက်မဆီးသေးဘဲ တွေ့မြင်နိုင်တဲ့ မြန်မာနိုင်ငံ ကော့သောင်းက ရှားပါးကျွန်းစုလေးဖြစ်ပါတယ် ။

ဒီလို လှပတဲ့ကျွန်းလေးကို အပန်းဖြေခရီးထွက်နေတဲ့ ပန်းဖြူက တအားပျော်စရာကောင်းတယ်လို့ သူမရဲ့ အတွေ့ အကြုံကို ပြောပြထားပါသေးတယ် ။

ပန်းဖြူက အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပေမယ့် ယခင် အနုပညာအလုပ်တွေ လုပ်ဆောင်တုန်းထဲက ပရိတ်သတ်တွေကတော့

ခုချိန်ထိ အားပေးတုန်းပါပဲ ... ပရိတ်သတ်တွေတောင်းဆိုမှုကြောင့် အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ရှိပါတယ်လို့ အင်တာဗျူး တစ်ခုမှာဖြေဆိုထားတာကိုလည်း

တွေ့ရှိရပါတယ် ။ ပန်းဖြူကိုချစ်တဲ့ ပရိတ်သတ်တွေ ရှိကြလား ?

သတင်းအရင်းမြစ် Pan Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။