၂၀၁၇ခုနှစ်၇လပိုင်းလောက်ဖြစ်ခဲ့တဲ့စိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုပါ။ပြီးခဲ့တဲ့၂၀၁၇ခုနှစ်ဇွန်၉ရက်နေ့ည၇နာရီဝန်းကျင်အချိန်တွင်ထိုင်းနိုင်ငံသို့အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်နေသူကရင်မလေးတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။သေဆုံးသူမညိုအေး(အသက်၁၇နှစ်)ဟာထိုင်းအိမ်ရှင်သူဌေးရဲ့အိပ်ခန်းအတွင်းသေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။၎င်းအမှုကိုကိုင်တွယ်ခဲ့တဲ့ထိုင်းအမှုကိုင်ရဲအရာရှိမှမိမိကိုယ်ကိုယ်ကိုသတ်သေတယ်လို့အမှုကိုဆုံးဖြတ်ပေးခဲ့တာကြောင့်အမှုမှန်ပြန်လည်ပေါ်ပေါက်ရန်မြန်မာသံရုံးနဲ့AACအဖွဲ့မှထပ်မံကြိုးစားနေတာပဲဖြစ်ပါတယ်။ 

နိုဝင်ဘာ၁ရက်နေ့မနေ့မနက်မှာတော့AACအဖွဲ့နှင့်ထိုင်းရုပ်သံမိဒီယာများသတင်းထောက်များမှသေဆုံးသူမညိုအေး အသက် ၁၇ နှစ်ရဲ့ ရုပ်အလောင်းထားရှိရာဆွန်ဖီးသချႋုင်းသို့ သူမရဲ့အမေနှင့်အမတို့ အပါအဝင် သချႋုင်းသွားရောက်ခဲ့ကြပြီးထိုင်းအထူးတန်ပြန်ထောက်လှမ်းရေးအဖွဲ့မှနိုဝင်ဘာ၂ရက်နေ့ဒီနေ့မှာတော့အလောင်းပြန်ဖော်ထုတ်စစ်ဆေးသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံရဲ့မှု့ခင်းဖြစ်စဉ်များနှင့်ပက်သက်၍ အမှုမှန်များကို အမြဲဖော်ထုတ်ပေးနေသော ထိုင်းနာမည်ကြီးရုပ်သံလိုင်း(8)လိုင်းကလည်းအဆိုပါလူသေမှု့ကွင်းဆက်များကိုဖော်ထုတ်ကြေညာပေးလျက်ရှိတယ်လို့သိရပါတယ်။အခြားရုပ်သံမိဒီယာများကလည်း စိတ်ဝင်စားစွာ လာရောက်သတင်းယူထုတ်လွှင့်ပေးနေကြတာပဲဖြစ်ပါတယ်။

ထိုင်းနိင်ငံတွင် အိမ်အကူကရင်မလေးသေနတ်ဒဏ်ရာဖြင့် သေဆုံးမှု့ဖြစ်စဉ်ကို မြန်မာသံရုံးနှင့်AACအဖွဲ့မှထိုင်းအထူးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍အမှုမှန်ပြန်လည်ပေါ်ပေါက်စေရန်ထပ်မံကြိုးစားနေတာပဲဖြစ်ပါတယ်။AACအဖွဲ့မှမြန်မာသံရုံးအလုပ်သမားသံအရာရှိချုပ်ဦးမိုးအောင်ခိုင်ဦးအောင်ကိုသန်းတို့ရဲ့စီစဉ်ညွှန်ကြားမှု့ဖြင့် အမှုမှန်ပေါ်ပေါက်အောင်ကြိုးစားပေးနေတာဖြစ်တယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ရဲရင့်ထွန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။