အဆိုတော် ဂျက်စတင်ဘီဘာနဲ့ဆယ်လီနာဂိုးမက်ဇ်တို့ရဲ့ ကြည်နှုးဖွယ်ဓာတ်ပုံတွေကတော့ လူမှုကွန်ယက်မှာ ပျံ့နှံ့လို့နေပါတယ်။သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာတွဲခဲ့ပြီးမှ ပျက်ဆဲခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မှာ ဂျက်စတင်ဘီဘာလဲ ရည်းစားများစွာနဲ့ မမြဲပဲတစ်ယောက်ပြီးတစ်ယောက်ပျက်ခဲ့ပါတယ်။ဆယ်လီနာကလည်း ရည်းစားတွေထားခဲ့ပါတယ်။

ဆယ်လီနာဟာ လွန်ခဲ့သော ၃ လလောက်က The weekend နဲ့တွဲခဲ့တာဖြစ်ပြီး အခုလက်တလောမှာတော့ the weekend နဲ့ပျက်ပြီဆိုပြီး သတင်းတွေထွက်နေပါတယ်။ဒီလိုသတင်းထွက်ပြီးမကြာမီမှာပဲ ဂျက်စတင်ဘီဘာနဲ့ လည်ပတ်နေတဲ့ ပုံရိပ်တွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။Selenaနဲ့ရှိချိန် အမြဲပျော်ရွှင်နေတတ်တဲ့Bieberနဲ့ ပိုအသက်ကြီးသော်လည်း Bieberနဲ့ရှိချိန်ဆို ကလေးဆန်နေတတ်တဲ့Selena အရင်လိုပဲ ပျော်ရွှင်တုန်းပါပဲ။

မြဲလိုလို အပြုံးတွေပျောက်ကွယ်နေတဲ့ ဂျက်စတင်ကလည်း ဆယ်လီနာနဲ့ လည်ပတ်နေတဲ့ အချိိန်မှာတော့ ပတ်ဝန်းကျင်ကိုတောင်သတိမထားမိလောက်အောင်ကို ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။

ပရိသတ်ချစ်တဲ့ သူတို့နှစ်ယောက်ပြန်တွဲမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

source - မြန်မာသတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။