ရှမ်းပြည်ဦးစောနိုင်လို့ ထင်ရှားတဲ့ မင်းသားကြီးတစ်လက်ဟာ တစ်ချိန်တုန်းက အနုပညာလောကမှာ နာမည်ကြီးခဲ့ပါတယ် ။

ဇာတ်ရုပ်ပေါင်းများစွာကို သဘာဝကျကျသရုပ်ဆောင်ရင်း အချိန်ကာလတွေကုန်လွန်ပြီး အိုမင်းမစွမ်းဖြစ်လာတဲ့အခါ အနုပညာလောကထဲက

ပျောက်ကွယ်သွားခဲ့ပါတယ် ။ ဇရာကို မလွန်ဆန်နိုင်တဲ့ ဦးစောနိုင်ဟာ ကျန်းမာရေးလဲ သိပ်မကောင်းလှပေမယ့် ကျန်ရှိတဲ့ သူ့ရဲ့ သက်တမ်းကို

ရဟန်းအဖြစ်နဲ့ တရားအားထုတ်ရင်း တန်ဖိုးရှိရှိကုန်လွန်စေတော့မှာပါ ။ ဦးစောနိုင်ကို လှုဖွယ်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ပရဟိတအဖွဲ့တစ်ခုက ဦးစောနိုင်ရဲ့ လက်ရှိအခြေအနေကို အောက်ပါအတိုင်းပြောပြထားတာတွေ့ရှိရပါတယ် ။  

" ရုပ်ရှင်အနူပညာလောကမှာ #ဦးစောနိင််(ရှမ်းပြည်)ဆိုတဲ့ မင်းသားကြီး

တစ်ယောက်ရှိခဲ့ဘူးတယ်။

အဖေနေရာ၊အဖိုးနေရာ၊ကုမ္ပဏီပိုင်ရှင်၊

ဆင်းရဲသား၊တည်ကြည်သူ၊ယုတ်ည့ံသူ၊

မြင့်မြတ်သူ၊ရဲ ဝန်ထမ်း၊ဆရာဝန် အစရှိသ

ဖြင့်ပေါ့ ကျရာဇာတ်ရုပ်တွေတိုင်းကို feel

သွင်းလို့ အနူပညာတွေဖန်တီးခဲ့သူ။

အချိန်ကလူသားတွေကိုစား အိုမင်းသွားချိန်မှာတော့ ဘဝကိုအကျိုးရှိ

စွာအသုံးချလို့ ရဟန်းဘဝမှာ တရားဓမ္မနဲ့ပျော် ဘဝအချိန်တွေကို

တန်ဖိုးရှိစွာကျော်လွှားနေပြီလို့ ဆိုရမှာပေါ့။

ဦးစောနိင်(ရှမ်းပြည်) တဖြစ်လဲ ဦးစန္ဒိမာ ရဟန်းတော်တစ်ပါး တောင်ငူခရိုင်(အုတ်တွင်းမြို )့ စျေးကျောင်းတိုက်မှာ သီတင်းသုံးရင်း တရားအားထုတ်နေပါ

ကြောင်းးးးးးးးးးး အနူပညာလက်တွဲဖေါ်

များနှင့် အမျိုးများအား သိစေအပ်ပါသည်။

#ဆရာတော် ဦးစန္ဒိမာ ဦးစောနိုင်(ရှမ်းပြည်) အတွက် ဝတ္ထုငွေ ပဲဖြစ်ဖြစ် လှုဖွယ် ပစ္စည်း အစုအစု တို့ကို လှုဒါန်းလိုပါက-

#ဆရာတော် အရှင်တေဇ(ရင်ခုန်သံရှင်ရေးကူညီမှုအသင်း) သို့ဆက်သွယ်၍ လှုဒါန်းနိုင်ပါသည် ဆိုသည့် အကြောင်း

နိဗ္ဗာ န် အကျိူ းမျှော်၍ နိုးဆော်လိုက်ပါသည် အနူပညာရှင် ညီအကိုမောင်နှမအပေါင်းတို့ခင်ဗျာ''''''''

ရင်ခုန် သံ ရှင်ရေးကူညီမှုအသင်း

PH - (09777520017)

စျေးကျောင်းတိုက်၊ တောင်ငူခရိုင်(အုတ်တွင်းမြို ့) "  

ရှမ်းပြည်ဦးစောနိုင်ရဲ့ ဇာတ်ကားတွေကို မှီလိုက်တဲ့သူတွေအတွက် ယခုမြင်ရတဲ့ ပုံရိပ်တွေဟာ ခြားနားလွန်းနေပါတယ် ။၏

ဇရာကို သံဝေဂရစရာပါပဲနော် ... 

သတင်းအရင်းမြစ် Kwee Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။