မော်ဒယ်သရုပ်ဆောင်စံရတီမိုးမြင့်ဟာဆိုရင် ခွေးလေးတွေကိုချစ်တတ်တဲ့ မိန်းကလေးတစ် ယောက်ပဲဖြစ်ပါတယ်။ တရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတွေဟာ နှလုံးသား နူးညံ့တဲ့ သူတွေပါ။ သူမဟာအကြင်နာတရားအပြည့်အဝရှိသူတစ်ယောက်အဖြစ် သူမရဲ့သတ္တဝါ လေးတွေကို ချစ်တတ်တဲ့စိတ်က သက်သေပြနေပါတယ်။ သူမဟာသရုပ်ဆောင်လဲကောင်း သလို အောင်မြင်မှုလမ်းကြောင်ပေါ်မှာလည်း ရပ်တည်နေတဲ့ မင်းသမီးတစ်လက်လဲဖြစ် ပါတယ်။

ခွေးလေးတွေကိုချစ်တတ်တဲ့သူမဟာ သူမရဲ့ Facebook Cover Photo မှာတောင် သူမရဲ့ ချစ်စဖွယ်ခွေးလေးပုံကို တင်ထားတတ်ပါတယ်။ သူမမှာ ချစ်စဖွယ်ခွေးလေး သုံးကောင်ရှိ ပြီး နာမည်လေးတွေလည်းမှည့်ထားပါသေးတယ်။ ကလေးတွေရဲ့ နာမည်လေးတွေကတော့ Franki / Fatty Binji နဲ့ Sylar တို့ဖြစ်ပါတယ်။ ဒီထဲမှာမှ သူမကိုအကပ်ဆုံးနဲ့ မျက်စိအော က်က အပျောက်မခံသူလေးကတော့ Franki လေးပဲဖြစ်ပါတယ်။ ဘယ်လိုမှအပျောက်မခံ တာမို့ သူမအလုပ်သွားတဲ့အခါတွေမှာတောင် ခေါ်သွားရပါတယ်လို့ Post တင်ခဲ့ပါသေး တယ်။

သူမရဲ့ချစ်စဖွယ်မျက်နှာလေးနဲ့ အပြုံးချိုချိုလေးကြောင့် ချစ်ခင်သူပရိတ်သတ်တွေကလည်း အများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က သူမရဲ့အချစ်ရေးနဲ့ပက်သက်လို့ ပရိတ်သတ်အချို့ အချင်းများကြပေမယ့် လက်ရှိမှာတော့ သူမက Single အဖြစ်နဲ့ပဲ ရပ်တည်နေတာဖြစ်ပါ တယ်။ သူမရဲ့ခွေးလေးတွေကိုချစ်တတ်တဲ့အကျင့်လေးကတော့ ပရိတ်သတ်တော်တော်များ များနဲ့ တစ်ထပ်တည်းကျမယ်လို့ထင်ပါတယ်။ စံရတီနဲ့ သူမရဲ့ ချစ်စရာခွေးလေး တို့ရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ဝေမျှပေးလိုက်တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။