လေယာဉ်ကို ပြုလုပ်တဲ့ ၁၉နှစ် အရွယ် ကိုကျော်ဇင်ဝင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တောင်ဘက် ကျွန်းကြီးရွာမှာ လက်သမား အလုပ်ကို ပြုလုပ်တဲ့ သူတဦးဖြစ်ပြီး အဆိုပါ လေယာဉ်ကို ခုနှစ်လ ခန့် အချိန်ယူတည်ဆောက် ခဲ့တယ် လို့လည်း သိရပါတယ်။

“အခုလို တီထွင်နိုင်တဲ့ အပေါ်ရွာသားတယောက်အနေနဲ့ဂုဏ်ယူမိတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ အများကြီးရှိသေးတာပေါ့။ မြင်ရသလောက်ကတော့ ဒီလောက်လုပ်နိုင်တာ မဆိုးပါဘူး။ ပျံနိုင် မပျံနိုင်တော့မသိဘူး။ ရှေ့တော့လိမ့်တယ်။”

လေယာဉ်မှာ ဟွန်ဒါအမျိုးအစား မြင်းကောင်ရေ ၁၆ကောင်အား ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး လေယာဉ်အလျားမှာ ၁၄ပေ၊ တောင်ပံ ၁၇ပေ ရှိတယ်လို့လည်း သိရပါတယ်။

လေယာဉ်ကို ပျံသန်းနိုင်မှု ရှိမရှိ စမ်းသပ်ရန် မြို့နယ်ထွေအုပ်သို့ စမ်းသပ်မောင်းနှင်ခွင့်ပြုဖို့ စာတင်ထားပြီး ခွင့်ပြုမိန့်ရရှိပါက နိုဝင်ဘာလ ၃ရက်နေ့ လပြည့်နေ့တွင် စမ်းသပ်မောင်းနှင် မည်ဖြစ်သည်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။