BTs အဖွဲ့ဟာသူတို့ရဲ့ကြော်ကြားမှုကိုကောင်းမွန်တဲ့လုပ်ဆောင်မှုတွေမှာမျှဝေဖို့အတွက် UNICEF နဲကပူပေါင်းကာလုပ်ဆောင်လာခဲ့ပြန်ပါပြီ။ပထမဆုံးအကြိမ်ဖြစ်တဲ့ #ENDviolence ပွဲကို BIG Hit Entertainment နဲ့ BTS တို့ပူးပေါင်းကာ ကျင်းပမှာဖြစ်ပါတယ်။

#ENDviolence ပွဲဟာဆိုရင် ကမ္ဘာ့အနှံ့အပြားရှိ ကလေးသူငယ်များကို ပိုလုံခြုံသော ပိုပြီးကျန်းမာသောအနာဂါတ်တွေရရှိစေဖို့ရည်ရွယ်ပြီး ပြုလုပ်တာလည်းဖြစ်ပါတယ်။

UNICEFဟာ BTS အဖွဲ့ကိုရွေးရခြင်းသည် သူတို့ရဲ့လွှမ်းမိုးနိုင်မှုဟာ လူငယ်မျိုးဆက်သစ်အပေါ်အကျိုးသက်ရောက်မှုများခြင်းကြောင့်လည်းဖြစ်ပါတယ်။သူတို့ဟာဆိုရင် ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကို သူတို့ရဲကလူငယ်မျိုးဆက်အပေါ်လွှမ်းမိုးနိုင်မှုအပေါ်မှာမူတည်ပြီးအားကောင်းကောင်းနဲ့မျှဝေနိုင်စွမ်းရှိကြမှာပါ။ 

BTS အဖွဲ့ရဲ့ပရဟိတလုပ်ငန်းလုပ်မယ့်အမည်ကိုတော့ Love Myself လို့အမည်ပေးထားပါတယ်။အဆိုပါလုပ်ငန်းစဉ်ဟာ အနဲဆုံး ၀မ်၅၀၀ မီလျှံအားအေဂျင်စီနှင့် ပရိသတ်များမှထည့်ဝင်မည်ဖြစ်ပြီး လာမည့်၂နှစ်အတွင်း စတင်လည်ပတ်မည်ဖြစ်ပါတယ်။

Source: jTBC, LoveMyself, and UNICEF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။