နိုင်ငံတကာမှာ ထင်ရှားတဲ့ Halloween ပွဲကြီးကတော့ အောက်တိုဘာ ၃၁ မှာ ပြီးဆုံးသွားခဲ့ပါပြီ ။

ယခင်က နိုင်ငံခြားမှာသာ ဟောလိုးဝင်း ညအဖြစ် တစ်ခမ်းတစ်နားလုပ်ကြပေမယ့် နောက်ပိုင်းမှာ မြန်မာနိုင်ငံကိုလည်း ယဉ်ကျေးမှုတွေ ကူးစက်လာခဲ့ပြီး

လူငယ်တွေအတွက် ပျော်စရာ ဟောလိုးဝင်း ပါတီတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ 

ဟောလိုးဝင်းရဲ့ ထုံးစံအရ ထိုညမှာ အလန်းစားဖက်ရှင်တွေ မိတ်ကပ်တွေပြင်ဆင်ပြီး ပျော်ပွဲရွှင်ပွဲတွေကို သွားရောက်ခဲ့ကြသူတွေကတော့

ကိုယ့်စိတ်ကြိုက်တွေ ဆင်ယင်ကြတော့တာပါ ။ ရုပ်ရှင်တွေထဲက သဘောကျတဲ့ ဇာတ်ကောင်ပုံစံတွေ ပြင်ဆင်လာသူက ပြင်ဆင်လာ ၊

သရဲပုံ သွေးစုတ်ဖုတ်ကောင်ပုံတွေ ပြင်သူတွေကပြင်လာကြတာမို့ တစ်မျိုးအမြင်ဆန်းနေတာတော့အမှန်ပါပဲ ။

ယခု ကမ္ဘာတစ်ဝှမ်းက အလန်းစား စုံတွဲ ဟောလိုးဝင်းဖက်ရှင်လေးတွေကို စုစည်းပေးလိုက်ပါတယ် ။

ကြိုက်တဲ့ပုံတွေ့ရင် နောက်နှစ်ဟောလိုးဝင်းမှာ ပြင်လို့ရတာပေါ့နော် ... 

သတင်းအရင်းမြစ် Passion and love

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။