မြန်မာနိုင်ငံမှာပဲ ဆယ်လီတွေက ဖိုတိုရှော့နဲ့ ပြင်တာမဟုတ်ဘူးနော်.. ဟောလိ၀ုဒ်လိုကမ္ဘာကျော်ရုပ်ရှင်အသိုင်းဝန်းမှာလည်း သူတို့ရဲ့ ဓာတ်ပုံတွေကို ပြည့်စုံသွားအောင် Photoshop နဲ့ ပြင်တဲ့ ဆယ်လီတွေရှိကြပါတယ်။

ဖိုတိုရှော့ပ် ပညာရပ်ဆိုတာကတော့ ဓာတ်ပုံဆရာတော်တော်များများနဲ့ ရင်းနှီးနေပြီးသားစကားလုံးတစ်လုံးဖြစ်သလို သာမန်လူတောင် ဖိုတိုရှော့တွေနဲ့ ကိုယ့်ပုံလေးတွေလှသထက်လှအောင် ပြုပြင်ကြတာမျိုးတွေခေတ်စားနေပါပြီ။

ဒါပေမယ့် အရမ်းကြီးပြုပြင်လိုက်တော့လည်း ကိုယ့်ရဲ့ နဂိုရုပ်နဲ့မတူတော့တဲ့ ပိုဆိုးသွားတဲ့အခိုက်အတန့်တွေလည်း ရှိကောင်းရှိကြမှာပါ။

အသက်(၂၂)နှစ်အရွယ် ကမ္ဘာကျော်စူပါမော်ဒယ်တစ်ဦးဖြစ်သလို ဗစ်တိုးရီးယား စီးကရက်မော်ဒယ် တစ်ဦးဖြစ်တဲ့ Gigi Hadid ကလည်း သူမ ရိုက်ကူးထားတဲ့ ပုံလေးတွေကို ဖိုတိုရှော့နဲ့ ပြန်လည်မွမ်းမံထားတာကိုတွေ့ရပါတယ်လို့ ဟောလိ၀ုဒ်သတင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

One Direction အဖွဲ့ဝင် Zayn Malik ရဲ့ ကောင်မလေးလို့ လူသိများတဲ့ ဂျီဂျီဟာ မော်ဒယ်လောကကို (၂၀၁၃)ခုနှစ်မှာ ၀င်ရောက်ခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိပြီး လှပတဲ့ သူမဟာ ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်းဝင်ထားတာပါ။

ပုံအလန်းတွေပဲ ရိုက်လေ့ရှိသလို ဖက်ရှင်မှာလည်း သူမတူုအောင် လန်းလွန်းတဲ့ ဂျီဂျီ ကို ကမ္ဘာတစ်လွှားက သူမရဲ့ ပရိသတ်တွေကတော့ စိတ်ဝင်တစားစောင့်ကြည့်ကြပါတယ်။

သူမလို လှပကြော့ရှင်းတဲ့ သူတောင် ဓာတ်ပုံတွေကို စိတ်တိုင်းမကျဖြစ်လို့များ ဖိုတိုရှော့လုပ်တယ်လို့ ထင်ပါတယ်။

ဖိုတိုရှော့လုပ်ထားတဲ့ နေရာတွေကို ပရိသတ်တွေ သတိထားမိသလောက် ရှာ ကြည့်လိုက်ပါတော့နော်။ 

thetalko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။