မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု H ပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ အေပိုလ်းအသင်းကိုလက်ခံကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထိပ်တိုက်တွေ့ဆုံနေတဲ့ အချိန်မှာ ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ သရေရလဒ်သာစွမ်းဆောင်နိုင်ခဲ့တာကြောင့် နောက်တဆင့်တတ်ရောက်ဖို့ မှေးမှိန်နေခဲ့ပြီလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အော်ဘာမီယန်၊ ပူလီဆစ်၊ ဖီးလစ်၊ ကာဂါဝါ၊ ဂေါ့ဇီ၊ ဘာထရာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေပိုလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပိုတီ၊ အလွန်ဖစ်၊ မိုအာရက်၊ ဗီနီစီးယက် ၊ ဇာဟစ်၊ ဗားရို့စ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ အုပ်စုထိပ်ဆုံးက စပါးအသင်းနဲ့ ၈ မှတ်ကွာဟနေပြီး၊ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၅ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ဒေါ့မွန်အသင်းကစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၂၉ မိနစ်မှာ ဂွာရဲရီရိုး ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်အထိ ဒေါ့မွန်အသင်းဟာ တစ်ဂိုးအသာနဲ့ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ အေပိုလ်းအသင်းချေပဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ ပိုတီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားဆု Man of the match ကိုတော့ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဂွာရဲရီရိုး ကရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။