လက်ရှိမှာတော့ မော်ဒယ်မင်းသမီးအဖြစ်နဲ့ အောင်မြင်နေတဲ့ Miss Supernational 2013 Winner ခင်ဝင့်ဝါတစ်ယောက်ကတော့ မြန်မာ့ရုပ်ရှင်အစည်းအရုံးကထိန်ပွဲနဲ့ Myanmar Celebrities Page ကနေ Myanmar Cele 7 Page သို့နာမည်ကူးပြောင်းခြင်းအခမ်းအနား နှ စ်ခုကို တစ်နေ့ထဲမှာ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အလုပ်တွေမအားလပ်တဲ့ကြားက ကု သိုလ်ရေးမို့ ကထိန်အလှူ ကိုလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြေးကလေးလာရောက်ပါဝင် ကုသိုလ်ယူခဲ့ပါသေးတယ်။

သူမဟာ Dynasty Fine Gold & Jewellary Show ပွဲမှာလည်းပါဝင် Show လျှောက်ခဲ့ပါ တယ်။ ထိုပွဲမှာတော့ သူမရဲ့ဝတ်စုံက မြန်မာဆန်ဆန်လေးကိုမှ အနီနဲ့အဖြူရောဖောက်ထား တာဖြစ်ပြီး မြန်မာ့ထိုင်မသိမ်းပုံစံထမီချုပ်ဝတ်ထားတာပဲဖြစ်ပါတယ်။ အင်္ကျ ီလက်ရှည် အနီ ရောင်ကို ဆင်မြန်း ထားပြီး တကယ့်ကိုတော်ဝင်မင်းသမီးတစ်ပါးအလား Show လျှောက် သွားခဲ့တာပဲဖြစ်ပါတယ်။ နန်းဆန်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ် ပရိတ်သတ်ကြီးရေ။

အနုပညာသမားတွေကတော့ ဘယ်လောက်ပဲပင်ပန်းပင်ပန်းအပြုံးမပျက်ဘူးဆိုတာ တကယ် ကိုသေချာပါတယ်ပရိတ်သတ်ကြီးရေ။ Miss ခင်ဝင့်ဝါတစ်ယောက်ကုသိုလ်ရေးအတွက်လည်း ပါဝင်အားဖြည့်တဲ့အပြင် Celebrity တွေအကြောင်းကြော်ငြာပေးပြီးပရိတ်သတ်နဲ့ရင်းနှီးအောင် ကူညီဆောင်ရွက်ပေးတဲ့ သတင်း Media Page ရဲ့ နာမည်ပြောင်းလဲခြင်း အခမ်းအနားကိုပါ ဆက်လက်တက်ရောက်ခဲ့ပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။