ယနေ့ နိုဝင်ဘာ(၂)ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ လင်းလက်တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်ဖြစ်ပြီး တစ်ကမ္ဘာလုံးက ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ရှာရွတ်ခ်ခန်းရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။ ရှာရွတ်ခ်ခန်းဟာ အိန္ဒိယနိုင်ငံသာမက တစ်ကမ္ဘာလုံးက ချစ်ခင် အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ဘုရင်တစ်ပါးဆိုလည်း မမှားပါဘူး..။ မွေးနေ့ရှင် မင်းသားကြီး ရှာရွတ်ခ်ခန်းကို မွေးနေ့ဂုဏ်ပြုတဲ့ အနေနဲ့ သူ့အကြောင်းလေးတွေကို ပရိသတ်ကြီးများအတွက် အမှတ်တရ ဖော်ပြပေးသွားချင်ပါတယ်..။

ဘောလီဝုဒ်ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်လမ်းပြ ဘုရင်တစ်ပါးဖြစ်တဲ့ ရှာရွတ်ခ်ခန်းကို (၁၉၆၅)ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ ယနေ့ မွေးနေ့ရက်လေးဟာ အသက်(၅၂)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။ ရှာရွတ်ခ်ခန်းဟာ (၁၉၈၀)ခုနှစ် အသက်(၁၅)နှစ် အရွယ်မှာကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။ (1992) ခုနှစ်မှာ..Deewana, Darr (1993), Baazigar (1993), Anjaam (1994), (1995) ခုနှစ်မှာ Dilwale Dulhania Le Jayenge , Dil To Pagal Hai (1997), Kuch Kuch Hota Hai (1998), Mohabbatein (2000), Kabhi Khushi Kabhie Gham…(2001) အစရှိတဲ့ အချစ်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပြီး ဇာတ်ရုပ်ကို ပီပြင်ပြီး သရုပ်ဆောင်ကောင်းလွန်းတဲ့အတွက် အချစ်ဘုရင်တစ်ပါးလို့တောင် တင်စားခဲ့ကြတာ ဖြစ်ပါတယ်..။ Happy New Year (2014), Chak De! India (2007), Raees (2017), Dilwale (2015), Fan (2016), Chennai Express(2013) , Ra. One(2011), Kuch Kuch Hota Hai (1998), My Name Is Khan (2010), DON (2006) အစရှိတဲ့ ဇာတ်ကားတွေကတော့ ခန်း ရဲ့ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး ရုပ်ရှင် ဇာတ်ကားတွေဖြစ်ပါတယ်။

ရှာရွတ်ခ်ခန်းဟာ အိန္ဒိယနိုင်ငံရဲ့ ဝင်ငွေအများဆုံးနဲ့ အေကာင်းဆုံး မင်းသားအဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာ့အချမ်းသားဆုံး မင်းသားစာရင်းမှာလည်း ရှာရွန်ခ်ခန်းဟာ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်..။ သူဟာ ခေါင်းသားမင်းသားဇာတ်ရုပ်တွေအပြင် ဗီလိန်ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူဖြစ်ပြီး ကျရာဇာတ်ရုပ်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်..။ အနုပညာလောကမှာ အောင်မြင်ကျော်ကြားသလို ပရဟိတ နယ်ပယ်မှာလည်း သူမတူအောင် ပါဝင်ဆောင်ရွက် လှူဒါန်းမှုများ ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။ သူဟာ တိတ်တိတ်လေး လှူဒါန်းမှုများ ပြုလုပ်လေ့ရှိပြီး သူ့ရဲ့ များပြားလှတဲ့ ငွေပမာဏကြောင့် ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်..။ ရာရွတ်ခ်ခန်းဟာ (၁၉၉၁)ခုနှစ်က ဇနီးဖြစ်သူ Gauri Khan နဲ့ လက်ထက်ခဲ့တာဖြစ်ပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာတွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။