လေဒီဂါဂါတစ်ယောက် သူမရဲ့အနုပညာမန်နေဂျာ ခရစ်စတင်းကာရီနို နဲ့ စေ့စပ်တော့မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သူတို့စုံတွဲဟာဆိုရင် ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကတည်းက လူသိရှင်ကြားတွဲခဲ့ကြတာလည်းဖြစ်ပါတယ်။

အသက်၄၈နှစ်အရွယ်ခရစ်စတင်းဟာ လေဒီဂါဂါရဲ့အဖေထံမှပထမဦးဆုံးခွင့်ပြုချက်တောင်းခဲ့ရတာလည်းဖြစ်ပါတယ်။သို့တိုင်အောင် ဂါဂါရဲ့နာတာရှည်နာကျင်မှုအခြေအနေfibromyalgia ကြောင့် မင်္ဂလာပွဲကိုကျင်းပဖို့အစီအစဉ်မှာမဖြစ်နိုင်သေးကြောင်းပြောထားပါတယ်။

ဒါ့အပြင် Netflix Doucmentary ဖြစ်တဲ့ , Gaga: Five Foot Two မှာသူမဟာ အဆိုပါဝေဒနာကြောင့် ခေါင်းကိုက်တာ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုဆိုင်ရာတွေမှာအခက်အခဲရှိတာတွေ အလွန်အမင်းနာကျင်ရတွေ အိပ်ဖို့အခက်အခဲရှိတာတွေကိုပါ ရိုက်ကူးပြသခဲ့တာလည်းဖြစ်ပါတယ်။ 

Source -Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။