ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲများကို ကစားခဲ့ကြပါတယ်။ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်ကတော့ စပါးနှင့်ကစားခဲ့ပါတယ်။ ပထမအကျော့မှာတော့ တစ်ဘက်၁ဂိုးစီနှင့်သရေကျခဲ့ပါတယ်။ ယခုဒုတိယအကျော့မှာတော့ ၀င်ဘလေကွင်းမှာကစားခဲ့ပါတယ်။

ဒုတိ်ယအကျော့မှာတော့ စပါးက ရိးရဲမက်ဒရစ်ကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ စပါးအတွက်ဂိုးများကို အလီနှင့်အဲရစ်ဆင်တို့က သွင်းပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းအတွက် နှစ်သိမ့်ဂီုးကိုတော့ စီရော်နယ်ဒိုကသွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ စပါးက ရီးရဲမက်ဒရစ်ကို ၃-၁ဂိုးဖြင့် နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ စပါးအတွက် ၂ဂိုးသွင်းယူခဲ့တဲ့အလီက ရီးရဲမက်ဒရစ်ကိုနိုင်တာ မအံ့သြမိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အလီက "ရိိုးရိုးသားသားပြောရရင် No ပါပဲ။ မအံသြမိပါဘူး။ ဘာနေဗျူးမှာတစ်ဂိုးစီသရေကျပြီးနောက်ကျွန်တော်တို့အားလုံးစကားပြောဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့မယုံကြည်နိုင်လောက်နေရာလွတ်တွေအများကြီးဖန်တီးနိုင်ခဲ့တဲ့အကြောင်း ဘောလုံးပေးပို့မှုလွယ်ကူစွာလုပ်နိုင်ခဲ့တဲ့အကြောင်းနဲ့ကျွန်တော်တို့ကစားတာပေါ့လျော့ခဲ့တဲ့အကြောင်းတွေပါ။ ကျွန်တော်တို့သာခံစစ်ပိုင်းကျစ်လျစ်မှုရှိမယ်ဆိုရင်အခွင့်အရေးတွေရလာမယ်ဆိုတာကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ရဲ့လက်ရှိအသင်းဟာဒီလိုအသင်းတွေကိုယှဉ်ပြိုင်နိုင်ရုံတင်မကပါဘူး။ နိုင်လည်းနိုင်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့အရမ်းကောင်းတဲ့ခြေစွမ်းပါ။ ကျွန်တော်တို့ပွဲကိုစီစဉ်ထားတဲ့အတိုင်းကစားနိုင်ခဲ့ပြီးအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒီထက်တောင်ဂိုးပိုမိုရသင့်ပေမယ့်ဒီရလဒ်နဲ့ပက်သက်ပြီးပျော်ရွှင်မိပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။