ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲများကို ကစားခဲ့ကြပါတယ်။ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်ကတော့ စပါးနှင့်ကစားခဲ့ပါတယ်။ ပထမအကျော့မှာတော့ တစ်ဘက်၁ဂိုးစီနှင့်သရေကျခဲ့ပါတယ်။ ယခုဒုတိယအကျော့မှာတော့ ၀င်ဘလေကွင်းမှာကစားခဲ့ပါတယ်။ 

ဒုတိ်ယအကျော့မှာတော့ စပါးက ရိးရဲမက်ဒရစ်ကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ စပါးအတွက်ဂိုးများကို အလီနှင့်အဲရစ်ဆင်တို့က သွင်းပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းအတွက် နှစ်သိမ့်ဂီုးကိုတော့ စီရော်နယ်ဒိုကသွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ စပါးက ရီးရဲမက်ဒရစ်ကို ၃-၁ဂိုးဖြင့် နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယခုရာသီမှာဂိုးသွင်းနှုန်းကျနေတဲ့ စီရော်နယ်ဒိုက ဝေဖန်မှုတွေကို ယခုလိုဖြေကြားသွားပါတယ်။ စီရော်နယ်ဒိုက "ကျွန်တော်အခုအရမ်းကိုတည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။ ဒီနေ့မှာခြေစွမ်းကောင်းပြသခဲ့ပေမယ့်ဒါကိုဘယ်သူမှအသိအမှတ်မပြုပါဘူး။ လူတွေအာရုံစိုက်နေကြတာ ဂိုးတွေ ဂိုးတွေ ဂိုးတွေပါပဲ။ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေကိုပြောပြသွားစရာမလိုပါဘူး။ Google မှာသွားရှာလို့ရပါတယ်။ `Cristiano Ronaldo Goals´ ဆိုပြီးရှာလိုက်ရင်အများကြီးတွေ့ရမှာပါ။ ဒါဟာကျွန်တော့်အတွက်စိုးရမ်ပူပန်စရာမဟုတ်ပါဘူး။" လို့ပြောသွားပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။