သရုပ်ဆောင်နေထူးနိုင်ဟာဆိုရင် မိသားစုကိုမြတ်နိုးတန်ဖိုးထားတဲ့ မင်းသားတစ်လက် ဖြစ်ပါ တယ်။ ချစ်စရာသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည် ဆောက်ထားသူလည်းဖြစ်ပါတယ်။ နေထူးနိုင်ရိုက်ကူးတဲ့ ဇာတ်ကားတွေ ကို တစ်ချို့ပရိတ်သတ်တွေ က ဝေဖန်လှောင်ပြောင်မှုတွေရှိခဲ့ပေမယ့် မင်းသားအနေနဲ့ ဘာမှခွန်းတုန့်ပြန်တာမျိုးမရှိပဲ နှုတ်ဆိတ် နေခဲ့တာကိုလည်းတွေ့ရပါတယ်။

လတ်တလောမှာတော့ “ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ” ဆိုတဲ့တော်လှန်ရေး ဇာတ် ကားကို မင်းသမီး အာကာမြင့်အောင်နဲ့တွဲဖက်ရိုက်ကူးနေတာဖြစ်ပြီး ဒါ ရိုက်တာကတော့ ကျော်ဇဖြစ်ပါတယ်။ ပြီးခဲ့ရက်ပိုင်းက နေထူးနိုင်ရဲ့ ချစ်စဖွယ်သားအကြီးလေး က အငယ်ကောင်လေးကို အိပ်ယာဝင်မှာချော့သိပ်နေတာကို ကြည်နူးပြီး Video ရိုက်ကူး ကာ Facebook ပေါ်တင်ထားခဲ့ပါတယ်။ ဒီ Post ကိုဝေဖန်သူတစ်ဦးက ရိုင်းစိုင်းကြမ်းတမ်းစွာ ဝေဖန်ခဲ့တာကြောင် နေထူးနိုင်ရဲ့ဇနီးဖြစ်သူ မမြသင်းချယ်အနေနဲ့ ဒီလိုမပြောဆိုဖို့ဝင်ရောက် ပြောရာမှာ တစ်ဖက်ကရိုင်းစိုင်းစွာ တုန့်ပြန်တာ ကြောင့် နေထူးနိုင်အနေနဲ့ ထိုသူ၏လိပ်စာ အားစုံစမ်းကာ အရေးယူလိုက်တယ်လို့သိရပါတယ်။

စော်ကားပုတ်ခတ်ပြောဆိုသူ ကျော်ကျော်အောင်အား ထောက်ကြံရဲစခန်းမှ နယ်ထိန်း အရာ ရှိ ဒုရဲအုပ်တင်ထွေးဦး၏ အကူညီဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်သို့ ခေါ် ဆောင်ပြီးနောက် ကျော်ကျော်အောင်အား နောက်နောင်အလားတူဖြစ်ရပ်မျိုး ထပ်မလုပ်တော့ စေရန် ဝန်ခံကတိ ရေးထိုးခိုင်းပြီးနောက် ကျူးလွန်သူမှာလဲ တောင်းပန်သဖြင့် ကျေအေးပေး လိုက်သည်ဟုသိရသည်။ နေထူးနိုင်၏ Facebook Account တွင် ထောက်ကြံစခန်းမှ တာ ဝန်ရှိသူများ အားလုံးအခုလိုကူညီ ပေးမှုအားအထူးကျေးဇူးတင်ပါသည်ဟု တင်ထားသည် ကိုလည်းတွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။